စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းရဲ့ ကမ္ဘာကျော် ဘရာဇီးတိုက်စစ်မှူးနေမာကတော့ အမေရိကန်နိုင်ငံမှာကျင်းပတဲ့ NBA ဘတ်စကတ်ဘောပွဲကို အလန်းစားဒီဇိုင်းဝတ်ဆင်ကာ အထာကျကျ စတိုင်မိုက်မိုက်နဲ့ ဟန်ပါပါ ကြည့်ရှူခဲ့ပါတယ်။

စပိန်ဘုရင့်ဖလားချန်ပီယံဘာစီလိုနာ အသင်းရဲ့တိုက်စစ်မှူး နေမာက ဘတ်စကတ်ဘောပွဲကို နာမည်ကျော် ပြိုင်ကားမောင်းသမား ဖော်မြူလာဝမ်းချန်ပီယံ၃ခါရထားတဲ့ အင်္ဂလန်နိုင်ငံသား ဟာလ်မီတန်နဲ့အတူ ကြည့်ရှူခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူး နေမာအနေနဲ့ နာမည်ကျော်ဘတ်စကတ်ဘောသမားဖြစ်တဲ့ ကယ်ဗင်ဒူးရန့်နဲ့အတူ ဓာတ်ပုံတွေရိုက်ရှိခဲ့သလို ကယ်ဗင်ဒူးရန့်နာမည်ရိုက်နိုပ်ထားတဲ့ ဘာစီလိုနာ ဂျာစီတစ်ဆောင်ကိုလည်း လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

Source-Daily Mail football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။