လတ်တလော ပူပူနွေးနွေး ချန်ပီယံလိဂ်ချိန်ပီယံ စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်း၏ တိုက်စစ်မှူး စီရော်နယ်ဒိုသည် EA Sports ၏ နာမည်ကျော်ဘောလုံး Game ဖြစ်တဲ့ FIFA 18 ရဲ့မျက်နှာဖုံးရှင် ကစားသမားဖြစ်လာပါပြီ။

ဘောလုံးဝါသနာရှင်တွေ အသည်းစွဲ Game ဖြစ်တဲ့ FIFA 18 က Gameလောကမှာသာမက ဘောလုံးဝါသနာအိုးတွေနဲ့ ဘောလုံးကစားသမားတွေကြားမှာပါ နာမည်ကြီးသလို မျက်နှာဖုံးရှင်ကစားသမားတွေကလည်း ဒိတ်ဒိတ်ကြဲကစားသမားတွေဖြစ်ပါတယ်။

ယမန်နှစ်က ထွက်ရှိခဲ့တဲ့ FIFA 17 မျက်နှာဖုံးရှင်ကစားသမားကတော့ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်တိုက်စစ်မှူး မာကိုရူးဖြစ်ပါတယ်။ စပိန်ကလပ်ရီးရဲမက်ဒရစ်အသင်း၏ တိုက်စစ်မှူးစီရော်နယ်ဒိုအနေဖြင့် FIFA Game မျက်နှာဖုံးရှင်အဖြစ် FIFA 18 တွင်မှဖြစ်လာခဲ့ခြင်းဖြစ်သည်။ FIFA 18 ကို PC, PS 4, Xbox One, Switch, PS 3 နဲ့ Xbox 360 အတွက် ၂၀၁၇ စက်တင်ဘာ ၂၉ရက်နေ့တွင်ဖြန့်ချိသွားမှာပါ။

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။