ပရိသတ်ကြီးရေ မော်လ်ဒယ်မင်းသားချောလေးခါရာကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း နှုတ်ခမ်းနီမလေးတွေ ရဲ့ အားပေးချစ်ခင်မှုတွေကိုအပြည့်အဝသိမ်းပိုက်ထားပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ ကိုရီးယားမင်းသားချောလေးလို ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေနဲ့ ချောမောခန့်ညားပြီး တောင့်တင်းကြံ့ခိုင်တဲ့ အမိုက်စား body ကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

Photo Credit- Khar Ra
Photo Credit- Khar Ra

ခါရာ ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားလုပ်ကိုင်နေသူလေးပဲ့ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ရပြီး Stay Home အချိန်လေးမှာ အကောင်းဆုံးအနားယူနေတဲ့ ခါရာကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းယားစေမယ့်အပြင် ယာကျာ်းလေး ပရိသတ်တွေရဲ့ ငေးမောအားကျရလောက်မယ် အရင်က မန္တလေးမြို့မှာ သူငယ်ချင်းတွေနဲ့အတူ ဆိုင်ကယ်စီးရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Khar Ra
Photo Credit- Khar Ra

ဒီပုံလေးတွေထဲမှာတော့ ခါရာက အမိုက်စားဆိုင်ကယ်ကြီး နဲ့လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ကာ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ အတူ မန္တလေးမြို့ကြီးကို လွမ်းနေတဲ့ ခါရာ တစ်ယောက်ကတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း " ကျွန်တော် အနှစ်သက်ဆုံးအရာတွေထဲက တစ်ခုကတော့ အရမ်းလှတဲ့ မန္တလေးကျုံးမြို့ရိုးရဲ့ ညအလှကိုခံစားရင်း ဆိုင်ကယ်စီးရတာပါပဲ လွမ်းတယ် မန္တလေးမြို့ကြီးရယ်...." ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ အချစ်တော်လေး ခါရာရဲ့ အမိုက်စား ပုံရိပ်လေးတွေကို အလွမ်းပြေဖြစ်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit- Khar Ra
Photo Credit- Khar Ra

Photo Credit- Khar Ra

Source -Khar Ra's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။