အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း တီအိုတီက ယခုဇွန်လ ၅ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြိုံတွင် ကွယ်လွန်ဆုံးပါးသွားခဲ့ပါတယ်။ နယူးကာဆယ်ကွင်းလယ်လူဟောင်းတီအိုတီက တရုတ်ကလပ်ဖြစ်တဲ့ ဘေဂျင်းအင်တာပရက်စ်မှာလက်ရှိကစားနေတာပါ။

တီအိုတီက သူ့ကစားသမားဘဝကို ဘယ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းနဲ့စတင်ခဲ့ပြီး ရိုဒါဂျေစီအသင်းမှာလဲ အငှားကစားခဲ့ပါတယ်။ ထိုနောက် အန်ဒါလက်ချ်အသင်းကနေ ဟော်လန်ကလပ် အက်ဖ်စီတွမ်တီးသို့ပြောင်းရွှေ့ပြီး ၈၆ပွဲ ကစားပေးခဲ့ပါတယ်။ ထို့နောက် ၂၀၁ဝမှာ နယူးကာဆယ်အသင်းသို့ပြောင်းရွှေ့ခဲ့ပါတယ်။

တီအိုတီက နယူးကာဆယ်အသင်းမှာ ပွဲစဉ်ပေါင်း ၁၅ဝကျော် ကစားပေးခဲ့ပါတယ်။ တီအိုတီက ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာတော့ တရုတ်ကလပ် ဘေဂျင်းအင်တာပရက်စ်သို့ပြောင်းရွှေ့ပြီး ယခုအထိ ၁ရပွဲ ပါဝင်ကစားခဲ့ပါတယ်။ တီအိုတီက ကွယ်လွန်ချိန်မှာ အသက်၃ဝသာရှိပါသေးတယ်။ တီအိုတီအတွက် ဘောလုံးလောကမှာကစားသမားများနည်းပြများပရိသတ်များနဲ့မီဒီယာများမှ စိတ်မကောင်းကြောင်း လူမူကွန်ရက်များမှ ပြောဆိုခဲ့ကြပါတယ်။

Source-The Mirror Football

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။