ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ လည်ပတ်ခွင့်မပြုတဲ့ တားမြစ်နယ်မြေတွေထဲကမှ တစ်ခုဖြစ်တဲ့ "The Vatican Secret Archives" ဗာတီကန် လျှို့ဝှက် မော်တွန်းကိုက် နေရာအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗာတီကန် မြို့တော်မှာရှိတဲ့ လျှို့ဝှက်မော်ကွန်းတိုက်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ရိုမန်ကက်သလစ် ကျောင်းတော်အစိုးရ "the holy See"က ပြဋ္ဌာန်းခဲ့သော ဥပဒေများအားလုံးကို သိမ်းဆည်းထားတဲ့ ဗဟိုဌာနဖြစ်ပါတယ်။

photo credit pngtree

မော်ကွန်းတိုက် အဆောက်အဦး ဝင်ပေါက်ဟာ ဗာတီကန်စာကြည့်တိုက်ရဲ့ တစ်ဖက်တွင် တည်ရှိပါတယ်။ မော်ကွန်းတိုက်တွင် ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ကြေညာချက် စာတမ်းများ၊ ဝင်စာထွက်စာများ၊ ပုပ်ရဟန်းမင်းကြီးများရဲ့ ငွေစာရင်းစာအုပ်များနှင့် အခြားစာအုပ်စာတမ်းများစွာကို ထိန်းသိမ်းထားတာပါ။

photo credit pngtree

၁၇ ရာစုတွင် ပဉ္စမမြောက် ပုပ်ရဟန်းမင်းကြီးရဲ့ ညွှန်ကြားချက်အရ မော်ကွန်းတိုက်ကို ဗာတီကန် စာကြည့်တိုက်မှ သီးခြားခွဲထုတ်ခဲ့ပါတယ်။ စာကြည့်တိုက်သို့ လာရောက်ကြတဲ့ သုတေသီများနှင့် အချို့သော ပုဂ္ဂိုလ်များအား ထိုစာရွက်စာတမ်း များကိုကြည့်ရှုနိုင်ရန် ကန့်သတ်ချက်များစွာ ချမှတ်ထားခဲ့ပါတယ်။ ၁၈၈၁ ခုနှစ်မှာ ပြင်ပပုဂ္ဂိုလ်များအား ဝင်ရောက်ခွင့် မပြုတော့ဘဲ မော်ကွန်းတိုက်ကို လုံး၀ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။