ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ သွားရောက်မလည်ပတ်သင့်သော နေရာတွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "BUBBLY CREEK, CHICAGO, ILLINOIS" ချီကာဂို ဗူပေါင်းချောင်း အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

photo credit pngtree

အမေရိကန်နိုင်ငံတောင်ပိုင်းရှိ ချီကာဂိုမြစ်ကို လူအများသိရှိကြကာ ထိုမြစ်ရဲ့ အပိုင်းတစ်နေရာကို ဗူပေါင်းချောင်းလို့ တင်စားခေါ်ဆိုကြပါတယ်။ ၁၉ ရာစုအတွင်းက သွေးများနှင့် ကလီစာများပါဝင်တဲ့ စွန့်ပစ်ပစ္စည်း အများအပြားကို ချီကာဂိုမြစ် အတွင်းသို့ စွန့်ပစ်ခဲ့ရာ ထိုစွန့်ပစ်ခဲ့သောနေရာတွင် မီသိန်းနှင့် ဟိုက်ဒြိုဂျင် ဆာလဖိုက်ဓာတ်ငွေ့ များပါရှိတဲ့ ရေဗူပေါင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ 

photo credit pngtree

ထို့ကြောင့် ထိုနေရာဟာ အဆိပ်သင့်တဲ့ ချောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဆိပ်များကြောင့် လူများသေဆုံးခဲ့ခြင်းရှိ၊မရှိ ကို သေချာစွာမပြောနိုင်သော်လည်း ထိုနေရာဟာ ခရီးသွားများ မသွားရောက်သင့်သော နေရာများစာရင်းတွင် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နောင်လည်း အဲ့လိုနေရာတွေကို ဆက်လက် ဖော်ပြပေးသွားပါဦးမယ်နော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။