အသက်သုံးဆယ်ကျော်လို့ ထင်ရက်စရာမရှိအောင်ကို နုပျိုလှပနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို မမြတ်လေးလို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြပြီး ယနေ့ချိန်ထိတိုင်အောင် အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားဆဲ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။  

Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account

မမြတ်လေးဟာ မိဘတွေအပေါ်မှာလည်း သိတတ်လိမ္မာသူတစ်ယောက်ဖြစ်ပြီး ယနေ့ချိန်ထိ ရရှိတဲ့ အနုပညာကြေးတွေနဲ့ မိဘကျေးဇူးဆပ်နေသူ သမီူလိမ္မာလေး တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ ဖြတ်သန်းလျက်ရှိနေပြီး ပရိသတ်တွေကလည်း သူမရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ မမြတ်လေးကတော့ လတ်တလော Home Stay ကာလလေးမှာ ဟင်းအမယ်စုံအောင် ချက်ပြုတ်စားသောက်နေပြီး ဝလာမှာစိုးတာကြောင့် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လတ်တလောမှာနာမည်ကြီးနေတဲ့ သီချင်းလေးနဲ့ခါးလေးကိုအပီလှုပ်ခါရမ်းကာTik Tokလေးကစားထားတဲ့ အေးမြတ်သူရဲ့ Video လေးပဲ ဖြစ်ပါတယ်။ " မမြတ်လေး...အကသင်နေပါပြီနော်.....

Tiktok. မှာဒီလိုကလို့ ချစ်ရတဲ့တွေထဲ ကမကြိုက်တဲ့သူရှိရင်လည်း...စိတ်မဆိုးပါနဲ့နော်.....

မြန်မာအကလေးတွေလည်း ကြိုးစားပြီး ကပါ့မယ်ရှင့်.... ချစ်ရသူတွေအားလုံး သောကကင်း၍

ကျန်းမာကြပြီး.. စိတ်ချမ်းသာကြပါစေရှင့် “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Aye Myat Thu’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။