အဆိုတော်မီးမီးခဲကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုရှင်တွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့သူဖြစ်ကာ သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိ နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရယူထားနိုင်ခဲ့တဲ့ သူမကတော့ ကင်ဝေဒနာကို ခံစားနေရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : the real mee mee khel-မီးမီးခဲ ' s facebook page
photo credit : the real mee mee khel-မီးမီးခဲ ' s facebook page

သူမကတော့ ယခုမှာ ခါးဘယ်ဘက်အောက်ပိုင်းမှာ ကင်ဆာဆဲလ်တွေထပ်တွေ့လို့ဒီနေ့ကစပြီး ဓာတ်ရောင်ခြည်ကုသမှုနဲ့ကုသမှုခံယူရမယ့်အကြောင်း ပရိသတ်တွေထံ အသိပေးလာခဲ့ပါတယ်။သူမကတော့ "  မိတ်ဆွေပရိတ်သတ်များ ဝိုင်းပြီးဆုတောင်းပေးတဲ့တန်ခိုးကြောင့်ဒီမနက်တော့ စိတ်ကြည်လင်ခြင်း,သက်သာခြင်းနဲ့အတူ ပြုံးနိုင်ပါပြီ..Radiotherapy Treatment စယူနေပါပြီ.၅ ရက်ဆက်တိုက်လုပ်ရမှာဖြစ်ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

photo credit : the real mee mee khel-မီးမီးခဲ ' s facebook page
photo credit : the real mee mee khel-မီးမီးခဲ ' s facebook page

သူမကတော့ " ခြေထောက်က အရိုးအက်သွားပြီး အရိုးထဲမှာလဲ ကင်ဆာဆဲလ်တွေ တွေ့တာကြောင့်ဆေးရုံတတ်တဲ့နေပဲ ဓါက်ကင်လိုက်ရပါတယ်..ခါးဘယ်ဘက်အောက်ပိုင်ူမှာလဲ ကင်ဆာ ဆဲလ်တွေထပ့်ပီးတွေ့လို့ဒီနေ့ကစပြီး အရိုးတွေ ကို လိုက်စားနေတဲ့နေရာတွေမှာ ဓါတ်ရောင်ခြည်ကုသမှုနဲ့ကုသမှာဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီး သတိရဆုတောင်းပေးပါဦးလို့မေတ္တာရပ်ခံပါတယ်နော် "ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

source : the real mee mee khel-မီးမီးခဲ ' s facebook page 

photo credit : the real mee mee khel-မီးမီးခဲ ' s facebook page
photo credit : the real mee mee khel-မီးမီးခဲ ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။