အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသားချောကြီးခန့်စည်သူကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အလှူအတန်းတွေတတ်နိုင်သလောက် ပါဝင်လေ့ရှိတဲ့ ခန့်စည်သူကတော့ ယခုမှာ ဘုန်းတော်ကြီးကျောင်းတိုက်တွေကို ဆန်အိတ်တွေကိုယ်တိုင်လာရောက်လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။ 

PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC
PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC

ခန့်စည်သူကတော့ " ယနေ့အလှူ (၃၀-၄-၂၀၂၀)-ကျေးဇူးရှင် ရွှေသုဝဏ် ဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊-စစ်ကိုင်းစာသင်တိုက် ပဓါန နာယကဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊-သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နှင့်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော် -၁၀ အိတ်စုစုပေါင်း ဆွမ်းဆန်တော် အိတ်(၄၀)ကို လှူဒါန်းခဲ့ပါတယ် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC
PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC

ခန့်စည်သူကတော့ " လှူဒါန်းမှူ အစုစုတို့အတွက် ကုသိုလ်ပေးဝေပါတယ်ခင်ဗျာ။ဘေးခပ်သိမ်း၊ရန်ခပ်သိမ်း၊အန္တရာယ် ခပ်သိမ်း ကင်းငြိမ်းကြပါစေ "ဆိုပြီး လူမှုကွန်ယက်ထက်မှာ လှူဒါန်းနေတဲ့ ကြည်နူးစရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ် ။ချစ်ပရိသတ်တွေအတွက် မင်းသားချောကြီးခန့်စည်သူရဲ့ ကောင်းမှုကုသိုလ်တွေကိုယ်တိုင်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

SOURCE : KYAW SOE WIN ' S FACEBOOK ACC 

PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC
PHOTO CREDIT : KYAW SOE WIN ' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။