ချစ်စရာကောင်းပြီး တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ အသားညိုပြီး ဆွဲဆောင်မှုရှိတဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပါ ။ နန်းခင်က Miss တစ်ယောက်ဖြစ်ပြီး အမြဲလိုလို စမတ်ကျကာ မြင်သူတိုင်း ငေးရတဲ့ သူလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင်တက်ပြီး ကြော်ငြာတွေနဲ့ photo shooting ​တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတဲ့ သူမက ကိုယ်ပိုင်သီချင်းတွေကိုလည်း အသံပါဝါကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်.....။

Photo credit - Nang Khin Zay Yar's fb page
Photo credit - Nang Khin Zay Yar's fb page

နန်းခင်ဇေယျာက လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ချစ်ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေ အမြဲလိုလိုမျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်.....။

Photo credit - Nang Khin Zay Yar's fb page

ယခုမှာလည်း လှပတဲ့ အမဲရောင်ဝတ်စုံလေးနဲ့ စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းလွန်းတဲ့ အကြည့်တွေနဲ့မို့ ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေကြမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ကဲ ချစ်ပရိသတ်ကြီး လည်း သရုပ်ဆောင် မင်းသမီးချောလေး နန်းခင်ဇေယျာရဲ့ ပုံလေးတွေကို ကြည့်ရင်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.... ။

Photo credit - Nang Khin Zay Yar's fb page
Photo credit - Nang Khin Zay Yar's fb page

Source & Photo credit - Nang Khin Zay Yar's fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။