ပရိသတ်ကြီးရေ မင်းသမီးချောလေးဆုပန်ထွာကလည်း သားသားလေးတစ်ယောက်မွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့ သားလေး Roar Roarကလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုရရှိထားပြီး ချစ်မွှေးပါတဲ့ကလေးလေးတစ်ယောက်ပါနော်။ဆုပန်ထွာတို့မိသားစုလေးက ချစ်ချစ်ခင်ခင်နဲ့သာယာလှတဲ့မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာက အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်လုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ Covid19 ကူးစက်ရောဂါကြောင့် မိသားစုနဲ့အတူအိမ်ထဲမှာပဲနေပြီး အိမ်မှုကိစ္စတွေကိုသာအချိန်ပေးလုပ်ဆောင်နေတာပါနော်။ဆုပန်ထွာကတော့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အိမ်ရဲ့ဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်တာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Roar Roarလေးကလည်း မေမေ့ရဲ့အိမ်အလုပ်တွေကို တက်တက်ကြွကြွနဲ့ကူညီလုပ်ကိုင်ပေးလို့ အားကိုနေရပါပြီနော်။အခုဆိုရင်တော့ မေမေဆုပန်ထွာက သားလေးကို မြန်မာဗျည်းအက္ခရာတွေကို သင်ကြားပေးနေပြီး Roar Roarလေးကလည်း လက်လေးပိုက်ကာသင်ယူနေတာဖြစ်ပါတယ်။ဆုပန်ထွာတို့သားအမိနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့စာသင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Source&Photo Credit:Supan Htwar's Facebook Account

Video Credit: Supan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။