ပရိသတ်ကြီးရေ.. သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်စမ်းချောင်းကတော့ အနုပညာဆယ်လီလောကမှာ ယောကျာ်းလေး မိန်းကလေး ပရိသတ်မရွေး အားလုံး ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်အချစ်တော်လေးပါပဲနော်..။

မိတ်ကပ်ပညာအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေအပြင် သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေ အားပေးလက်ခံထားရတာမို့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Account
Photo Credit - Nyi Nyi Maung's Fb Account

မိတ်ကပ်ပညာလောကမှာလည်း ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲပနုပညာရှင်တွေကို မိတ်ကပ်လိမ်းခြယ်ကာ အောင်မြင်စွာ ရပ်တည်လယခဲ့တဲ့ သူမကတော့ အခုဆိုရင် ဇာတ်ကားတွေရိုက်ကူးကာ သူမရဲ့ သရုပ်ဆောင်အရည်အချင်းတွေနဲ့ ရယ်မောပျော်ရွှင်ကာ ပရိသတ်တွေကို နှစ်သက်သဘောကျစေပြန်ပါတယ်နော်..။

သုသုကတော့ သူမရဲ့ ဘဝဇာတ်ကြောင်းလေးတွေကို ပြောပြလေ့ရှိသလို လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ အမြဲမျှဝေလေ့ရှိကာ အခုတစ်ခါမှာလည်း ကျေးတောသူလေးတစ်ယောက်လို ပြင်ဆင်မှုလေးတွေနဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကို မျှဝေလိုက်ပြန်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Account
Photo Credit - Nyi Nyi Maung's Fb Account

သနပ်ခါးလေးလူးကာ ပိတောက်ပန်းလေးပန်ပြီး မြန်မာမှု့ကို ထင်ရှားပေါ်လွှင်စေမယ့် ကျေးတောသူလေးတစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ပြီး ချစ်စဖွယ်စကားလေးလည်း ဆိုထားသေးတာမို့ ဒီတစ်ခါမှာလည်း ပရိသတ်တွေ သဘောကျနေကြဦးမှာပါနော်..။

"ရှိန်မနေပါ နဲ့ စကားလာပြောပါ

အစင်ပြေရင် ရည်းစားတောင်ဖြစ်သွားနိုင်ပါတယ်

အစင်ထပ်ပြေရင် ဖေဖေ မေမေ တို့အတွက် ချွေးမရပြီဆိုပြီး အိမ်ခေါ်သွား စပရိုက် လုပ်ချပလိုက်ပါ.." ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကို မျှဝေထားတာဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Account
Photo Credit - Nyi Nyi Maung's Fb Account

Source & Photo Credit - Nyi Nyi Maung's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။