ဘယ်အချိန်ကြည့်ကြည့် စမတ်ကျပြီး အမြဲ သန့်ပြန့်နေတဲ့ မင်းသားချော ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေး ဝန်းရံခြင်းကို အပြည့်အဝ ရရှိထားတဲ့ သူလေးပါ။ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ပါဝင်ရိုက်ကူးကာ ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားရုံသာမကပဲ ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုပါ ရရှိထားနဲ့ သူလေးပါ.....။

Photo credit - May Chit Thway photography
Photo credit - May Chit Thway photography

ပိုင်တံခွန်က လတ်တလောမှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်.....။

Photo credit - May Chit Thway photography

ယခုမှာလည်း မိုးရေထဲမှာ အမဲရောင်ဝတ်စုံလေးနဲ့ စမတ်ကျကျဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေကြမှာ အသေအချာပဲမို့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ပိုင်တံခွန်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရ်သတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။ ဒါ့အပြင် သူ့ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။ 

Photo credit - May Chit Thway photography

Photo credit - May Chit Thway photography

Source - Paing Takhon 's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။