ပရိသတ်အချစ်တော် အနုပညာရှင်တွေထဲမှာ ကျော့ရှင်းပြီး ဆွဲဆေယင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ကာ ပုရိသပရိသတ်တွေရဲ့ အသည်းတွေကို ရိုးရိုးရှင်းရှင်းလေး ခြွေယူထားသူလေးကတော့ သရုပ်ဆောင်ထက်ထက်ထွန်းပဲ ဖြစ်ပါတယ်နော်..။

အေးချမ်းပြီး ဆွဲဆောင်မှုရှိသလို ခပ်မိုက်မိုက်ဖက်ရှင်လန်းလန်းလေးတွေနဲ့လည်း ဖမ်းစားတတ်လွန်းတဲ့ ထက်ထက်ထွန်းကတော့ ယောကျ်ားလေး ပရိသတ်တွေ အပြင် မိန်းကလေးပရိသတ်တွေဆီကပါ အားပေးချစ်ခင်မှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်..။

Photo Credit - Htet Zaw Aung Photograpgy
Photo Credit - Li John Photography

အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတဲ့ ပရိသတ်အချစ်တော်လေး သူမကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူတာလည်း တွေ့မြင်ရမှာပါ..။

အခုတစ်ခါမှာလည်း သူမဟာ အိမ်အနီးအနားက လမ်းခင်းနေတဲ့ လုပ်သားတွေအတွက် လမ်းခင်းနေတဲ့ကာလတစ်လျှောက် နေ့လည်စာထမင်းဟင်းနဲ့ သောက်ရေသန့်တွေကို နေ့စဉ်နေ့တိုင်း လှူဒါန်းကုသိုလ်ယူနေပြန်ပါတယ်နော်..။

Photo Credit - Htet Htet Htun's FB Account
Photo Credit - Htet Htet Htun's FB Account
Photo Credit - Htet Htet Htun's FB Account
Photo Credit - Htet Htet Htun's FB Account

ကပ်ရောဂါဆိုးကြီး ဖြစ်နေတဲ့အချိန် လမ်းခင်းလုပ်သားတွေအတွက် အခုလိုအလှူလေးလှူဖြစ်တဲ့အကြောင်းလေးနဲ့ သူမရဲ့အလှူပီတိလေးတွေကိုလည်း ထက်ထက်ထွန်းက ချစ်ပရိသတ်တွေကို ဝေမျှပြောပြထားပါသေးတယ်..။

"အဆိုးထဲကအကောင်း

အိမ်ဆောက်ပြီးမှ ကိုရိုနာကဖြစ်တော့ အိမ်ထဲလုံလုံခြုံခြုံ

စတေးဟုမ်းလို့ရသွားတယ်... ဒါမယ့်အိမ်ထဲအဝင်လမ်းကတော်တော်ဆိုးလို့ လမ်းခင်းရဦးမယ်တွေးတာ ကပ်ကြီးစိုက်တော့ ဝင်ငွေမရှိတာနဲ့ လမ်းခင်းပေးဖို့ ခဏဆိုင်းထားတာ... ခု အစိုးရကလမ်းခင်းပေးမယ်ဆိုပြီး ပါမစ်ကျလာပြီတဲ့လေ...

မရှိလို့ မလှူ မလှူလို့မရှိ

အဲ့လို့မဖြစ် လေအောင် , ကပ်ကြီးပြီးလို့ စီးပွားရေးလေးအဆင်ပြေမှ ခင်းမယ်ဆိုတဲ့လမ်းလေးကို အစိုးရကခင်းပေးတော့ ထက်တို့က လမ်းခင်းတဲ့ လုပ်သားတွေအတွက် လမ်းခင်းနေတဲ့ ကာလတစ်လျှောက် နေ့လည်စာ ထမင်းဟင်း နဲ့ သောက်ရေသန့် ၊ သုံးရေ တို့ကို နေ့စဉ်လှူဒါန်းလိုက်ပါတယ်... နတ်လူသာဓုခေါ်စေသော်...

မရှိလည်းလှူ ရှိလည်းလှူ ၊ အလှူရေစက်လက်နဲ့မကွာ

လှူနိုင်တန်းနိုင်ပါစေ.." ဆိုပြီးတော့ သူမရဲ့အလှူကုသိုလ်လေးကို မျှဝေရင်း ဆုတောင်းစကားလေးလည်း ဆိုထားတာမို့ ပရိသတ်တွေလည်း သာဓုခေါ်သဘောကျနေကြပါတယ်နော်..။

Photo Credit - Htet Htet Htun's FB Account
Photo Credit - Htet Htet Htun's FB Account
Photo Credit - Htet Htet Htun's FB Account

Source & Photo Credit - Htet Htet Htun's FB Account & Htet Zaw Aung Photograpgy & Li John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။