ယနေ့ချိန်ထိ ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီပဲ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်က ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်အောင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေက အမြဲချစ်နေရတာလည်း ဖြစ်ပါတယ်။  

Photo Credit- Melody Myo’s Facebook Account
Photo Credit- Melody Myo’s Facebook Account
Photo Credit- Melody Myo’s Facebook Account

သူမရဲ့ သားလေး သိဒ္ဓိစစ်ဟာ   လည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ မယ်လိုဒီဟာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လှုပ်ရှားမှုတိုင်းကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုလေး တစ်ခုကို ဝေမျှပေးထားပြန်ပြီပဲ ဖြစ်ပါတယ်။ 

Photo Credit- Melody Myo’s Facebook Account
Photo Credit- Melody Myo’s Facebook Account
Photo Credit- Melody Myo’s Facebook Account

" Stay at home မှာ ဝက်ကလေးမဖြစ်ဖို့

အဟာရမျှတာစွာစားရင်း ကျန်းမာဖို့ ကစားကြပါရှင်

၇ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်. ခန္ဓာကိုယ်လေးကိုအပေါ်မြှောက်ထားပြီး ကြိုးစားပမ်းစား လေ့ကျင့်ခန်းလုပ်နေတဲ့ မယ်လိုဒီရဲ့ Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Melody Myo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။