ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ လပိုင်းတွေက ဖြစ်ပေါ်ခဲ့တဲ့ ဝါရင့်အနုပညာရှင်မင်းသမီး အကယ်ဒမီမေသန်းနုရဲ့ စိတ်မကောင်းစရာ သတင်းလေးကတော့ ပရိသတ်တွေအားလုံးကို အံ့သြစိတ်မကောင်းဖြစ်စေခဲ့ပါတယ်နော်..။

မေသန်းနုဟာ ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုခံရကာ ထောင်ဒဏ်(၁)ချမှတ်ခံခဲ့ရတာဖြစ်ပြီး ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ သားဖြစ်သူတို့ကလည်း သူမအတွက် အကောင်းဆုံးကြိုးစားပေးခဲ့ကြသလို ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။

Photo Credit - Zin Yaw Mg Mg's FB Page
Photo Credit - Zin Yaw Mg Mg's FB Page

ဒီကနေ့ မေလတစ်ရက်နေ့မှာတော့ ဒါရိုက်တာစင်ရော်မောင်မောင်ဟာ သားဖြစ်သူနဲ့အတူ မေသန်းနုပြန်လာရင် နေထိုင်ဖို့အတွက် အိမ်ပြောင်းရွှေ့စီစဉ်ပေးနေကြတဲ့အကြောင်း ပရိသတ်တွေကို အသိပေးပြောပြလာပါတယ်..။

"အင်းစိန်တောရစခန်းတွင် တရားဆောက်တည်နေသော

ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ပြန်ထွက်လာချိန်တွင်

နေထိုင်နိုင်ရန်အတွက် မေလ (၁)ရက်နေ့မှ စ၍

ကျွန်တော့်အိမ်၏ အနီးဆုံးနေရာတွင်

ကျွန်တော့်အနေဖြင့် စတင်ငှါးရမ်းထားပါသည်။.." ဆိုပြီး ပြောပြထားတာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သူတွထဲ မပါဝင်ခဲ့ပေမယ့် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရင်း မိခင်ပြန်လာမယ့်ရက်ကို ကြိုနေတဲ့ သားဖြစ်သူအတွက် အကောင်းဆုံးကြိုးစားနေတဲ့ အကြောင်းကိုလည်း ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပြထားပါသေးတယ်..။

Photo Credit - Zin Yaw Mg Mg's FB Page
Photo Credit - Zin Yaw Mg Mg's FB Page
Photo Credit - Zin Yaw Mg Mg's FB Page

"မေသန်းနု၏ မြောက်များလှစွာသော

ပစ္စည်းများကို ကျွန်တော်တို့ သားအဖနှင့်အတူ

စင်ရော်အဖွဲ့သားများမှ ရွှေ့ပြောင်းပေးပြီး ဆေး ဖြန်းလျက်ရှိကြောင်းချစ်စွာသော ပရိသတ်များအား

အသိပေးအပ်ပါသည်။

လူ နှစ်သောင်းသုံးထောင် ပြန်လွတ်သည့်အထဲတွင်

မပါဝင်လာသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု အတွက်

စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရင်း

အမေပြန်လာမည့်ရက်ကို ကြိုနေသော သားငယ်အတွက်

ကျွန်တော် အကောင်းဆုံး ဆောင်ရွက်လျက် ရှိပါသည်.." ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာ ပရိသတ်အချစ်တော် အကယ်ဒမီမေသန်းနုတစ်ယောက် မိသားစုနဲ့ ပရိသတ်တွေဆီ ကျန်းကျန်းမာမာနဲ့ ပြန်လည်ရောက်ရှိလာပြီး မိသားစုတွေ နွေးနွေးထွေးထွေး ပြန်လည်ဆုံဆည်း နေ့ရက်လေးတွေ အမြန်ဆုံးရောက်ရှိဖို့ ဆုတောင်းစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Photo Credit - Zin Yaw Mg Mg's FB Page
Photo Credit - Zin Yaw Mg Mg's FB Page
Photo Credit - Zin Yaw Mg Mg's FB Page

Source & Photo Credit - Zin Yaw Mg Mg's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။