မင်းသမီးချောဆုပန်ထွာကတော့ သားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့ချစ်ခင်ပွန်းကိုဉက္ကာကျော်ကလည်း ချစ်ဇနီးကိုအရမ်းချစ်ပြီးကြင်နာယုယပေးလို့ ဆုပန်ထွာကအိမ်ထောင်ကျလည်းကံကောင်းပါတယ်နော်။ဆုပန်ထွာတို့မိသားစုလေးက သာယာအေးချမ်းပြီး နွေးထွေးတဲ့မိသားစုလေးဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာက‌ အနုပညာအလုပ်တွေကိုလည်း တစိုက်မက်မက်လုပ်ကိုင်နေသလို မိသားစုကိုလည်းဂရုစိုက်ပေးပြီးအိမ်ထောင်မှုနိုင်နင်းပါတယ်နော်။ယခု Covid19 ကာလမှာတော့ မိသားစုအတွက် ဖွယ်ဖွယ်ရာရာလေးတွေလည်းချက်ကျွေးပြီး သားသားကိုလည်းစာသင်ပေးနေတာဖြစ်ပါတယ်။Roar Roarလေးကလည်း သိတတ်လိမ္မာလို့ မေမေ့ရဲ့အိမ်အလုပ်တွေကိုကူညီပေးပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Roar Roarလေးက ဉာဏ်လည်းကောင်းပြီး စကားတွေလည်းအရမ်းပြောတတ်လွန်းလို့ ပရိသတ်တွေကပါချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း Roar Roar လေးက မေမေ့ကိုပိတောက်ပန်းလေးတွေကိုယ်တိုင်ပန်ပေးနေပြီး ဆုပန်ထွာကတော့"မေမေ့ကို ပန်းပန်ပေးခဲ့တဲ့ ကိုလူပျိုလေး။ ချစ်တယ်သားလေးရယ်။"မေမေ့သည်း" ဆိုပြီး သားအမိနှစ်ယောက်ပျော်ရွှင်နေကြတဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

Source&Photo Credit:Supan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။