ပရိသတ်ကြီးရေ.. သုသုနဲ့ လင်းလင်းလို့ ဆိုလိုက်တာနဲ့ မိတ်ကပ်ပညာလောကအပြင် အနုပညာအသိုင်းအဝိုင်းမှာပါ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်လေးနှစ်ယောက်ကို ပြေးမြင်မိကြမှာပါနော်..။

ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်တာလေးတွေကလည်း သူမတို့ရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုလေးတွေဖြစ်ပြီး အခွီပုံရိပ်လေးတွေနဲ့ စနောက်ကာပျော်နေတတ်ကြတာလေးတွေကိုလည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင်လာကြတဲ့ သူတို့နှစ်ယောက်ကတော့ အခုဆိုရင်ဇာတ်ကားတွေလည်း ရိုက်ကူးနေကြပြီး သရုပ်ဆောင်ဘက်မှာလည်း အားပေးဝန်းရံမှုတွေ ရရှိထားကာ သူမတို့အခွီလေးတွေကို အမြဲမျှဝေလေ့ရှိသူပဲ ဖြစ်ပါတယ်..။

သုသုလေးကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဖြတ်သန်းခဲ့တဲ့ သူမရဲ့အမှတ်တရလေးတွေကို ပြောပြရင်း ဒီကနေ့လေးမှာတော့ သူငယ်ချင်းဖြစ်သူလင်းလင်းနဲ့ သူမတို့ရဲ့ ဆယ်နှစ်ကျော်ပြောင်းလဲလာတဲ့ အမှတ်တရပုံရိပ်လေးတွေကို အခွီလေး ထုတ်ပြလိုက်ပြန်ပါတယ်နော်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

"မင်းလဲ ယောကျာ်း ငါလည်း ယောကျာ်း

ကြိုက်ရာကို ရွေးစမ်းကိုယ် လူရေ

ပိုက်ဆံကြောင့်ပြောင်းလည်းသွားတယ်ပြောရင် ပါးကြည့်လိမ့်ချမှာနော် ဒါဗြဲ.." ဆိုပြီး သူမတို့ရဲ့ အမှတ်တရလေးတွေကို အခွီလေး မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း ပါးရိုက်ခံရမှာကြောက်လို့ မပြောရဲပါဘူးဆိုပြီးတော့ စနောက်ထားတာလေးတွေကိုလည်း ပျော်ရွှင်စရာအခွီလေးတွေ မြင်တွေ့ရဦးမှာပါနော်..။

Photo Credit - Nyi Nyi Maung's FB Account
Photo Credit - Nyi Nyi Maung's FB Account

Source & Photo Credit - Nyi Nyi Maung's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။