ပရိတ်သတ်ကြီးရေ..... music videoလေးတွေရိုက်ကူးပြီး ပရိတ်သတ်တွေစတင်သတိထားမိလာကြတဲ့ တိုင်းရင်းသူလေး မြတ်ရတနာကျော်ကိုသိကြမယ်ထင်ပါတယ်နော်။

ချောမောလှပတဲ့ရုပ်ရည်လေးနဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် တစ်ခဏအတွင်းပရိတ်သတ်အားပေးမှုရရှိလာခဲ့တဲ့သူလေးဖြစ်ပါတယ်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

မြတ်ရတနာကျော်ဟာ ယခုဆိုရင်သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို အာဘွိုင်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးScarlettကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

သူမတို့နှစ်ဦးဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာအောင်မြင်မှုရရှိထားကြတဲ့သူတွေဖြစ်ပြီးပရိတ်သတ်အားပေးချစ်ခင်မှုရရှိထားကြတဲ့ စုံတွဲလေးဆိုလည်းမမှားပါဘူးနော်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

မြတ်ရတနာကျော်ဟာ သူမတို့မိသားစုပုံရိပ်လေးတွေနဲ့ သမီးလေးရဲ့ပုံလေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။ မကြာသေးမီက သူမရဲ့Facebookစာမျက်နှာတွင် "ပန်းလေးများနဲ့ ခေတ္တခဏ" ဆိုတဲ့captionလေးနဲ့ သူမရဲ့ချစ်စဖွယ်ပုံလေးတွေတင်ပေးလာပါတယ်။ တကယ်ကို တစ်သားမွေးတသွေးလှနေတာပါပဲနော်။ ကဲ....ပရိတ်သတ်ကြီးအတွက် မြတ်ရတနာကျော်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myat Yadanar Kyaw's Facebook acc
Photo credit-Myat Yadanar Kyaw's Facebook acc

Source-Myat Yadanar Kyaw's Facebook acc

Photo credit-Myat Yadanar Kyaw's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။