မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကိုတော့ အနုပညာလောကမှာ အချိန်တိုလေးအတွင်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူမကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း မတူညီတဲ့ ဟန်ပန်အမူရာလေးတွေကြောင့် ပုရိသတွေရဲ့အားပေးဝန်ရံခြင်းခံနေရတာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကောင်မျိုးစုံကို သရုပ်ဆောင်ထားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo Credit - Nan Sandar Hla Htun
Photo Credit - Nan Sandar Hla Htun

ဒါ့အပြင် သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသလို ဝတ်စားဆင်ယဉ်မှုတွေမှာ မြန်မာဆန်ဆန် ဝတ်စုံလေးတွေအပြင် ခေတ်ဆန်တဲ့အမိုက်စားဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာကြောင့် ပျိုမဒီလေးတွေရဲ့ လေးစားအားကျနေရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါဆိုးကြီးကြောင့် ခေတ္တရပ်နားထားကာ မိသားစုလေးနဲ့ အတူတူ အိမ်မှာပဲအနားယူနေထိုင်ခဲ့ပါတယ်နော်...။

Photo Credit - Nan Sandar Hla Htun
Photo Credit - Nan Sandar Hla Htun

ယခုတစ်ခါမှာလည်း နန်းစန္ဒာလှထွန်းက ချစ်ပရိသတ်အတွက် အလွမ်းပြေဖြစ်အောင် ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးထဲမှာတော့ မျက်နှာလေးက ကြည်လင်ဝင်းပနေပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ချစ်အားပိုအောင်လုပ်လိုက်ပြန်ပါပြီနော်...။ ကဲ...ချစ်ပရိသတ်ကြီးလည်း ရိုးရှင်းအေးချမ်းတဲ့ နန်းစန္ဒာလှထွန်း ရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးခဲ့ပါဦးနော်...။

Photo Credit - Nan Sandar Hla Htun
Photo Credit - Nan Sandar Hla Htun

Photo Credit - Nan Sandar Hla Htun

Source - Nan Sandar Hla Htun's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။