ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင်ကတော့ ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို အချိန်တိုလေးအတွင်း ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။ နောက်ပိုင်းမှာတော့ ခင်သဇင်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာပြီး ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေကာ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း လှပစွာ တက်ရောက်နေသူ တစ်​ေယာက်ပဲ ဖြစ်ပါတယ်။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

ခင်သဇင်က နန်းဆန်တဲ့ အလှကို ပိုင်ဆိုင်ထားပြီး မြန်မာဝတ်စုံလေးတွေကို အများဆုံးဝတ်ဆင်တက်သူဖြစ်တာကြောင့် ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ရုပ်ရည်လေးကလည်း ချောမောလှပသလို စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် လူအများရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရဟိတ လုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လေ့ရှိသူပဲ ဖြစ်ပါတယ်။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

ခင်သဇင်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေနဲ့ Tiktok videoလေးတွေကို ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာလည်း ဖြစ်ပါတယ် ။ ယခုမှာလည်း ခင်သဇင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေဆီကို လှပတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်....... ။

Photo credit - Khin Thazin's facebook account
Photo credit - Khin Thazin's facebook account

Source & Photo credit - Khin Thazin's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။