မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်လေးတစ်ယောက် ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက အလုပ်ကြိုးစားသလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာတာကြောင့် တစ်နေ့တစ်ခြားပိုမိုအောင်မြင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက ဟန်ဆောင်မှုကင်းတဲ့အမူအရာ၊ အပြောအဆိုလေးတွေနဲ့ အမြဲတမ်း ပွင့်လင်းဖော်ရွေနေတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဖြူဖြူထွေးက ပရိသတ်တွေအတွက် အပျင်းပြေဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပြီး မျှဝေပေးနေတာဖြစ်ပါတယ်။ ဖြူဖြူထွေးက အိမ်မှာနေရင်းနဲ့ပဲ အခွီတလိုင်းဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက အိမ်မှာနေရင်း ရုတ်တရုတ်ထအော်ပြီးငိုလိုက်တာကြောင့် ထိတ်လန့်သွားတဲ့အစ်မဖြစ်သူကို ဆေးထိုးစနောက်လိုက်တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက "တစ်ခါတစ်လေး စကြည့်တာကို မရတော့ဘူး အရမ်းချစ်ကြောင်းသိရပြီး" ဆိုပြီးဗီဒီယိုလေးကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's FB Acc

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။