ယနေ့အချိန်ထိတိုင်အောင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်ကတော့ ပြည်သူ့အချစ်တော် မင်းသမီးချော နန္ဒာလှိုင်ပဲ ဖြစ်ပါတယ် ။ နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ချိန်တုန်းက အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတာလည်း ဖြစ်ပါတယ် ။ နန္ဒာလှိုင်က သမီးချောလေးသုံးယောက်တိတိပိုင်ဆိုင်ထားတဲ့ ကလေးသုံးယောက်အမေလည်း ဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

နန္ဒာလှိုင်အနေနဲ့ သူမတို့မိသားစုရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန္ဒာလှိုင်က အိမ်မှာပဲ သမီးလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးနေထိုင်နေတာ ဖြစ်ပါတယ် ။ မနေ့ကလည်း နန္ဒာလှိုင်က သမီးတွေ၊ တူ၊တူမတွေနဲ့အတူ ပျာ်စရာအချိန်လေးတွေဖြတ်သန်းရင်း Facebook မှာ Live လွှင့်ခဲ့တာဖြစ်ပါတယ်။

Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc
Photo Credit-Nandar Hlaing's FB Acc

နန္ဒာလှိုင်က အိမ်မှာနေရင်း ကလေးတွေပျော်အောင်လုပ်ပေးနေတာကို Liveလွှင့်ခဲ့တာလည်း ဖြစ်ပါတယ် ။ ကလေးတွေကြားမှာ စိတ်ရှည်လက်ရှည်နဲ့စကားတွေပြောရင်း အလုပ်ရှုပ်နေတဲ့ နန္ဒာလှိုင်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နန္ဒာလှိုင်တို့သားအမိတစ်စုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nandar Hlaing's FB Acc

Photo Credit-Nandar Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။