ဦးရွှေရိုးနဲ့ ဒေါ်မိုးဖြစ်သွားတဲ့ ပိုင်တံခွန်နဲ့ နန်းဆုရတီစိုး

(၁၀)နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွက် ရောက်ရှိနေတာ လည်း ဖြစ်ပါတယ်။

Asean Celebrity explore quest Malaysia 2016 ပွဲအတွက် မလေးရှားကို ရောက်ရှိနေတဲ့ ပိုင်တံခွန်နဲ့ နန်းဆုရ တီစိုးတို့က အာဆီယံ (၁၀)နိုင်ငံက အနုကပညာရှင်များရဲ့ Gala Dinner မှာ မြန်မာ့ရိုးရာအကဖြစ်တဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကကို တွဲဖက်ကပြခဲ့ပါတယ်။

ဦးရွှေရိုးနဲ့ ဒေါ်မိုးအဖြစ် ကပြခဲ့တဲ့ ပုံရိပ်လေးများကိုလည်း နန်းဆုရတီစိုးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင်များအနေနဲ့ ရောက်ရှိနေတဲ့ သူတို့နှစ်ဦးက အခြားနိုင်ငံများမှ အနုပညာရှင် များနဲ့အတူ မလေးရှားနိုင်ငံရဲ့ နာမည်ကြီးနေရာများကို သွားရောက်လေ့လာခဲ့ကြပါတယ်။

ထို့အပြင် အာဆီယံ (၁၀)နိုင်ငံက instagram ဓာတ်ပုံပြိုင်ပွဲမှာ သူတို့နှစ်ဦး ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးဟာ လည်း Best Candid Photo Award ဆုကိုရရှိခဲ့တယ်လို့ သိရပါတယ်။

Photo : နန်းဆုရတီစိုး Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။