ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အန္တရာယ်အကြီးမားဆုံး လူဆိုးဂိုဏ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Bloods" ဂိုဏ်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ သွေးများလို့ အမည်ပေးထားတဲ့ ဂိုဏ်းတစ်ခုကို ၁၉၇၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဖွဲ့စည်းခဲ့တာပါ။

photo credit pngtree

ထိုဂိုဏ်းကို အုပ်စုများ ခွဲခြားထားကာ အုပ်စု တစ်ခုစီဟာ မိမိတို့အတွက် ချမှတ်ထားသော အထူး တာဝန်များကို ထမ်းဆောင်ကြရတာပါ။ အုပ်စုတိုင်းမှာ အဖွဲ့ဝင်သစ်များ ရရှိရေးအတွက် လုပ်ငန်းစဉ်များ ရှိခဲ့ပါတယ်။ ထိုဂိုဏ်းရဲ့ အဖွဲ့ဝင်များဟာ တစ်ဦးနှင့် တစ်ဦး သူတို့ဝတ်ဆင်ထားသော အနီရောင် လည်စည်းပုဝါနှင့် အနီရောင် အဝတ်အစားများဖြင့် ခွဲခြားကြတာ ဖြစ်ပါတယ်။  

photo credit pngtree

သွေးဂိုဏ်းဝင် တစ်ဦးဟာ အနီရောင်ကိုသာ ဝတ်ဆင်ရပြီး တစ်ဦးနှင့်တစ်ဦး လက်ဟန်ခြေဟန်များဖြင့် ခွဲခြားကြပါတယ်။ သူတို့ပြောပုံဆိုပုံ ကျောက်မျက်များ ဝတ်ဆင်ထားပုံနှင့် ဆေးမင်ကြောင် ထိုးထားပုံတို့ကို ကြည့်ကာ တစ်ဦးနှင့် တစ်ဦး အသိအမှတ်ပြု နှုတ်ဆက်ကြတာပါ။ သွေးဂိုဏ်းဟာ များစွာသော ရာဇဝတ်မှု ကျူးလွန်မှုများတွင် ပါဝင်ပတ်သက်ခဲ့ကာ အမေရိကန်ပြည်သူများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ သွေးဂိုဏ်းရဲ့ သြဇာဟာ အမေရိကန်ပြည်သူများရဲ့ လုံခြုံရေးအပေါ် လွှမ်းမိုးခဲ့တာကြောင့် ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။