ပရိတ်သတ်ကြီးရေ.....သီချင်းအေးအေးလေးတွေကို ကိုယ်တိုင်ရေးသားသီဆိုတတ်ပြီး ချိုမြတဲ့အသံပိုင်ရှင်လေးဖြစ်တဲ့ ရွှေထူးကိုသိကြမယ်ထင်ပါတယ်နော် ။သူဟာ တစ်ကိုယ်တော်တေးအယ်လမ်တွေကိုလည်း ထုတ်လုပ်ထားတာဖြစ်ပြီး ပရိတ်သတ်အားပေးလက်ခံတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဒါ့ပြင်ရွှေထူးဟာ အဆိုတော်တစ်ယောက်အနေနဲ့သာမက ယခုဆိုရင်ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်တဲ့သူဖြစ်ပါတယ်။

Photo credit-Htoo Khant's Facebook acc
Photo credit-Htoo Khant's Facebook acc

ရွှေထူးဟာ ယခုဆိုရင်မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ပရိတ်သတ်တွေကသူတို့စုံတွဲလေးကို ရွှေနှစ်ရွှေလို့ချစ်စနိုးခေါ်ကြတာပါနော်။

သူတို့နှစ်ဦးဟာ အမြဲစိတ်တူကိုယ်တူနဲ့လိုက်ဖက်ညီနေတာဖြစ်ပြီး ခရီးတွေလည်းအတူသွားကြတာပါ။ မကြာသေးမီကလည်း ရွှေထူးဟာ သူ့ရဲ့Facebookစာမျက်နှာတွင် "အခုကျွန်တော်ရဲ့ဓာတ်ပုံရိုက်ထားတဲ့ကျွန်းနဲ့ပက်သက်ပြီး သတင်းပေးချင်တာလေးရှိလို့ပါ... ကျွန်းနာမည်က SELAVA ISALAND ( လိှုင်ဂူကျွန်း ) လို့ခေါ်တယ်ခင်ဗျာ... "

Photo credit-Htoo Khant's Facebook acc
Photo credit-Htoo Khant's Facebook acc

"အေးအေးဆေးဆေးနဲ့Chillချင်တဲ့ သူတွေအဖို့တော်တော်နေလို့ကောင်းတဲ့ကျွန်းလို့ပြောရမယ်ဗျာ...လှပြီး ရေကြည်ချက်ကတော့ အိမ်က ဂျိုးဖြူပိုက်ထက်တောင်ကြည်သေးတယ်...အဲ့ကျွန်းမှာနေရတာနဲ့ပက်သက်ပြီးအကြိုက်ဆုံးက သဲ​ဖြူဖြူတွေပေါ်မှာ Tent လေးနဲ့နေရတာပဲ ဓာတ်ပုံနဲ့ပက်သက်ပြီးသေချာရိုက်ချင်တဲ့သူတွေအဖို့ စိတ်ရှည် သဘောကောင်းတဲ့ ​​‌ေကာ့သောင်းက ဓာတ်ပုံဆရာ ကိုအောင်ကို လည်းရှိပါတယ် ရေငုပ်တာကြိုက်တဲ့သူအဖို့ မနောင့်လို့ ခေါ်တဲ့ Guide လည်းရှိပါတယ်...အတော်ကို စိတ်ရှည်ပြီး အစအနောက်လည်းသန်ပါတယ်... ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း ဖော်ရွေပြီး စိတ်ရင်းအသေကောင်းကြတယ်...ဒီ ကပ်ဆိုးကြီးပြီးသွားရင် ခရီးထွက်မယ်လို့ စဥ်းစားထားပြီး ကမ်းခြေသွားရတာကြိုက်တဲ့သူတွေအဖို့ တော့ ဒီကျွန်းလေးကို ညွှန်ပေးချင်ပါတယ်ခင်ဗျာ ...အဟောင်းလေးတွေပဲတင်ပရစေ"ဆိုပြီး သူတို့ဇနီးမောင်နှံသွားရောက်ခဲ့တဲ့ ကျွန်းလေးအကြောင်း ဝေမျှလာပါတယ်။ ပရိတ်သတ်တွေအတွက် ကျွန်းပေါ်ကရွှေထူးတို့ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Htoo Khant's Facebook acc
Photo credit-Htoo Khant's Facebook acc

Source-Htoo Khant's Facebook acc

Photo credit-Htoo Khant's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။