ပရိသတ်ကြီးရေ မင်းသားချောလေး ကျော်ထက်ဇော်ကတော့ သိကြမယ်လို့ထင်ပါတယ်။ ကျော်ထက်ဇော်ဟာဆိုရင် သူ့ရဲ့အမူရာလေးတွေကတော့ ဟန်ဆောင်မှုကင်းပြီး တည်ကြည်ခန့်ညား နေသူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း MRTV-4 မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲ ထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း မတူညီတဲ့ ဇာတ်ရုပ်နှစ်မျိုးဖြင့် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်လို့ သူ့ရဲ့ ဟန်ပန်အမူရာလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးဝန်ရံခြင်းကို ရရှိထားနေတာကိုလည်း တွေ့နေရပါတယ်။ ကျော်ထက်ဇော်ဟာဆိုရင် ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်ပုံရိပ်တချို့တွေကိုလည်း နေ့စဉ်အမြဲ ဆိုသလိုဖော်ပြပေးလေ့လည်း ရှိပါတယ်။ ယခုတစ်ခါမှာလည်း ချစ်ပရိသတ်တွေအလွမ်းပြေအောင် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီပုံလေးတွေထဲမှာတော့ နှုတ်ခမ်းနီမလေးတွေ အသည်းယားစေလောက်မယ့် အမူရာလေးတွေနဲ့ ချစ်သတ်ကြွေအောင်လုပ်လိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကျော်ထက်ဇော်က " ဆရာလေး ကိုယ်စား ခနချစ်ပေးနော်" ဆိုပြီး သူ့ရဲ့ Facebook ပေါ်မှာလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ တည်ကြည်ခန့်ညား နေတဲ့ မင်းသားချောလေး ကျော်ထက်ဇော် ရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။