Beauty Blogger အလုပ်တွေကနေမိန်းကလေးပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုခံရပြီး အနုပညာဘက်မှာပါ အောင်မြင်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲဖြစ်ပါတယ်။ ချီချီဟာ အလှပရေးရာတွေကိုဝေမျှရုံသာမကသူမကိုယ်တိုင်လည်းလှပနေအောင်နေတက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ချီချီကတော့blogger အလုပ်တွေလုပ်ရင်းနဲ့ သရုပ်ဆောင်အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Facebook Account

အနုပညာအလုပ်တွေမှာလည်းကြိုးစားတာကြောင့် ချီချီဟာ အဘက်ဘက်ကနေအောင်မြင်နေတာဖြစ်ပါတယ်။ သူမကတော့မြန်မာနိုင်ငံသာမကနိုင်ငံတကာပွဲလေးတွေကိုပါကိုယ်စားပြုတက်ရောက်ကတဲ့သူတစ်ယောက်ပါ။အစစအရာရာမှာပြည့်စုံအောင်မြင်နေတာကြောင့်လည်း ပရိသတ်တွေ အားလုံးက အားကျနေကြတာလည်း ဖြစ်ပါတယ်။ ချီချီဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေထံ အမြဲဝေမျှပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Nay Chi Oo’s Facebook Account
Photo Credit- Nay Chi Oo’s Instagram Account
Photo Credit- Nay Chi Oo’s Instagram Account

အခုမှာလည်း သူမရဲ့ Instagram story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မနက်ခင်းလေးမှာကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို အပြင်းအထန်ကြိုးစားလုပ်နေတဲ့ ချီချီရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချီချီရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Nay Chi Oo’s Instagram and Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။