နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမတူတဲ့အသံပါဝါကောင်းကောင်းနဲ့ သီဆိုရင်း ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားသူလေးကတော့ အဆိုတော် ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်။ ဖြူဖြူက ဆယ်စုနှစ်တခုတိုင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူဖြစ်ပြီး သီချင်းအသစ်တွေကိုလည်း ဆက်တိုက်ထွက်ရှိနိုင်ဖို့ အမြဲ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ အချစ်သီချင်းတွေကို ခံစားချက်အပြည့်နဲ့သီဆိုလေ့ရှိသူတစ်ယောက်ဖြစ်တာကြောင့် ဖြူဖြူထွက်ရှိထားတဲ့ သီချင်းတိုင်းကလည်း လူငယ်တွေအကြိုက်ဖြစ်ပြီး ရေပန်းစားလူကြိုက်များခဲ့တာပါနော်.....။

Photo credit - Dior By Heart
Photo credit - Dior By Heart

ဖြူဖြူက အဆိုပိုင်းမှာကောင်းမွန်ကျော်ကြားရုံသာမကပဲ ဖက်ရှင်တွေကိုလည်း အများနဲ့မတူ ဆန်းဆန်းပြားပြားတွေကို ဝတ်ဆင်တက်သူမို့ အများက ဖက်ရှင်မင်းသမီးလို့လဲ တင်စားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ညိုချောလေးဖြစ်တဲ့ ဖြူဖြူက မကြာခဏဆိုသလို photo shooting အလန်းစားလေးတွေကို ရိုက်ကူးလေ့ရှိပြီး လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ အမြဲ တင်ပေးလေ့ရှိသူတစ်ယောက်ပါ။ 

Photo credit - Dior By Heart
Photo credit - Dior By Heart

ယခုမှာလည်း ရိုးရှင်းလှပတဲ့ အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ကာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ပေးလါတာဖြစ်ပြီး " နင်မရှိပဲ ငါ့ရဲ့ဘဝဟာတကယ်မဖြစ်လို့ပါကွာ ပြန်လာပြီး ငါ့ကိုအသက်ဆက်လှည့်ပါကွာ တကယ်ပါ မင်းမရှိရင်မဖြစ်လို့ပါကွာ "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီး ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ဖြူဖြူကျော်သိန်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..... ။

Photo credit - Dior By Heart

Photo credit - Dior By Heart

Source - Phyuphyukyawthein's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။