အကယ်ဒမီခန့်စည်သူကတော့ တစ်ခေတ်ကတည်းက အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာခဲ့ပြီး အနုပညာအရည်အသွေးပြည့်ဝတာကြောင့် ပရိသတ်တွေကလည်း လက်ခံအားပေးကြပါတယ်။ယနေ့အချိန်မှာတော့ ခန့်စည်သူက ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အနေနဲ့ရပ်တည်နေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account

ခန့်စည်သူက အခုချိန်ထိလည်းချောမောခန့်ညားနေဆဲဖြစ်ပြီး အရွာ်တင်နုပျိုနေတာပါနော်။စိတ်သဘောထားလည်းပြည့်ဝပြီး လူသားချင်းစာနာတတ်တဲ့စိတ်အပြည့်ရှိတာကြောင့် ယခု Covid19 ကာလမှာ ခက်ခဲနေတဲ့ပြည်သူတွေအတွက် တတ်နိုင်သလောက်ကို အမြဲတမ်းလှူဒါန်းနေပြီး မနေ့ကဆိုရင်လည်း ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင်ပညာရေး (ဘ/က) မူလွန်ကျောင်းမှာ တစ်ခြားသူတွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account

"ယနေ့အလှူ (၃-၅-၂၀၂၀)သင်္ဃန်းကျွန်းမြို့နယ် ဓမ္မဝိဟာရ ဘုန်းတော်ကြီးသင်ပညာရေး (ဘ/က) မူလွန်ကျောင်း ရှိ ဆရာ၊ဆရာမများ တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)စီ၊ကျောင်းသားတစ်ဦး၏ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၇၀၀၀)စီနှင့် ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်၊အာလူး၊ငါးခြောက်၊ကြာဆံ၊ခေါက်ဆွဲခြောက်ထုတ်၊ဆပ်ပြာ တို့ကို စုစုပေါင်း အိမ်ထောင်စု (၂၅၂) စုစာအတွက်လှူဒါန်းခဲ့ကြပါတယ်။(တပိုင်တနိုင် ပါဝင်ကူညီလှူဒါန်းပေးကြသူများကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်။ )ကုသိုလ်အစုစုတို့ကို မျှဝေပါတယ်ခင်ဗျာ။ နိုင်ငံသူ၊နိုင်ငံသားများအားလုံး ဘေးဆိုး၊ရန်ဆိုး၊အန္တရာယ်ကဒ်ဆိုးတို့မှ ကင်းဝေးကျော်လွှားနိုင်ကြပါစေ။"ဆိုပြီး ခန့်စည်သူက ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account
Photo Credit:Kyaw Soe Win's Facebook Account

Source&Photo Credit:Kyaw Soe Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။