မြန်မာနိုင်ငံရဲ့ နာမည်ကြီးတေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်ဇော်ပိုင်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ ယနေ့အချိန်အထိ အောင်မြင်မှုတွေများစွာရရှိနေဆဲ ဖြစ်ပါတယ် ။ ဇော်ပိုင်က အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေသီဆိုတတ်တာကြောင့် ပရိသတ်တွေက နှစ်ခြိုက်အားပေးနေရတာ ဖြစ်ပါတယ် ။ ဇော်ပိုင်ရဲ့တေးသီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ အခုချိန်အထိ ရေပန်းစားလူကြိုက်များနေဆဲ ဖြစ်ပါတယ် ။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

လက်ရှိမှာတော့ ဇော်ပိုင်က အရမ်းကိုချစ်ဖို့ကောင်းတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားရပါတယ်။ ရွှေပိုင်လို့ခေါ်တဲ့ ဇော်ပိုင့်ရဲ့သားလေးက စကားပြောယဥ်ကျေးချိုသာလွန်းလို့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေတာလည်း ဖြစ်ပါတယ် ။ ရွှေပိုင်က လိမ္မာရေးခြားရှိသလို မိဘတွေကိုလည်းကူညီတတ်တဲ့ ကလေးလေးပဲ ဖြစ်ပါတယ် ။

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

အခုလည်း ရွှေပိုင်လေးက ဖေဖေနဲ့မေမေတို့အိပ်တဲ့ အိပ်ရာလေးကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ စကားတတ်လွန်းပြီး အရမ်းလိမ္မာတဲ့ ရွှေပိုင်လေးကတော့ ကြည့်နေရင်းနဲ့တောင် ပရိသတ်တွေကို အချစ်ပိုစေနိုင်သူလေးပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဇော်ပိုင်ရဲ့သားချောလေး ရွှေပိုင်ရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Shwe Paing's FB Page

Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc
Photo Credit-Zaw Paing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။