ပရိသတ်တွေရဲ့အချစ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ အခိုင်အမာသိမ်းပိုက်ထားကြတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာ MRTV-4 မင်းသားချောလေး ကျော်ထက်ဇော်ကတော့ မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်..။

ကျရာဇညတ်ရုပ်တွေကို အကောင်းဆုံးကြိုးစားသရုပ်ဖော်နိုင်သလို တည်ကြည်ခန့်ညားပြီး ယောကျ်ားပီသတဲ့ ဟန်ပန်တွေနဲ့ဥပဓိရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပြုံးလိုက်တဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေကြောင့်လည်း ပျိုမဒီလေးတွေရဲ့ သည်းသည်းအချစ်တွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်..။

Photo Credit - Kyaw Htet Zaw's FB Account
Photo Credit - Kyaw Htet Zaw's FB Account

အောင်မြင်ကျော်ကြားတဲ့ မင်းသားချောတစ်လက်အဖြစ် အနုပညာလောကမှာ လျှောက်လှမ်းနေပြီဖြစ်တဲ့ ကျော်ထက်ဇော်ကတော့ MRTV-4 ရုပ်သံဇာတ်ကားများစွာ ရိုက်ကူးထားပြီး လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ "အချစ်ဖွဲ့လေညင်း" ဇာတ်ကားမှာလည်း မိုးသောက်ဦးနဲ့ ရောင်နီဦးဆိုတဲ့ အမွှာညီအစ်ကို ဇာတ်ကောင်လေးတွေနဲ့ ပရိသတ်တွေကို နှစ်သက်သဘောကျနေစေပြန်ပါတယ်နော်..။

သူ့ရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ကျော်ထက်ဇော်ကတော့ အခုတစ်ခါမှာလည်း ဆရာလေးရောင်နီဦးကို လွမ်းနေကြမယ့်ချစ်ပရိသတ်တွေအတွက် ခပ်မိုက်မိုက်လေးဆော့ကစားထားတဲ့ သူရဲ့ Tik Tok ဗီဒီယိုလေးကို အလွမ်းပြေလေး မျှဂေလိုက်ပြန်ပါတယ်နော်..။

Photo Credit - Kyaw Htet Zaw's FB Account
Photo Credit - Kyaw Htet Zaw's FB Account

လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးလေး ဆော့ကစားထားတဲ့ မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကြည့်ရင်း ပရိသတ်တွေကိုလည်း ရောင်နီဦးကို အလွမ်းပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

ကဲ ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ အစောပိုင်းအချိန်လေးမှာ ကျော်ထက်ဇော်ရဲ့ Tik Tok လေးကို ကြည့်ရင်း ည(၇)နာရီမှာ ထုတ်လွှင့်ပြသမယ့် ရောင်နီရဲ့ ဇာတ်ကားလေးကို စောင့်မျှော်အားပေးကြည့်ရှု့လိုက်ရအောင်နော်..။

Photo Credit - Kyaw Htet Zaw's FB Account
Photo Credit - Kyaw Htet Zaw's FB Account
@kyawhtetzaw

☺️do u love me?

♬ Sunday Best by Surfaces - rapidsongs

Source & Photo Credit - Kyaw Htet Zaw's FB Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။