ပရိသတ်ကြီးရေ.. အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်မျိုးဆက်သစ် အနုပညာရှင်လူငယ်တွေထဲမှာ ယောကျ်ားလေးပရိသတ်တွေကြား အမြဲရေပန်းစားအောင် လူချစ်လူခင်ပေါများသူလေးကတော့ အဆိုတော်ဂရေဟမ်ရဲ့ သမီးချောလေး အဆိုတော်သရုပ်ဆောင် ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်နော်..။

ရိုးရှင်းအေးဆေးပြီး ချစ်စရာကောင်းလွန်းတဲ့ ကိုယ်ပိုင်ဟန်ပန်တွေအပြင် အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုတွေကို ရရှိထားတဲ့ ပန်းရောင်ခြယ်ကတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားနိုင်သူလေးဆိုလည်း မမှားပါဘူး..။

Photo Credit - Ko Phone
Photo Credit - Pan Yaung Chel's FB Page

တေးသီးချင်းကောင်းလေးတွေနဲ့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ အားလုံးရဲ့အချစ်တွေကို ရရှိထားတဲ့ ပန်းရောင်ခြာ်ကတော့ အခုလို Stay Home နေရတဲ့အချိန်လေးမှာ ထူးချွန်ပိုင်နိုင်တဲ့ သူမရဲ့နောက်ထပ်အနုပညာစွမ်းရည်တစ်ခုကို ထပ်မံထုတ်ပြလိုက်ပြန်ပါတယ်နော်..။

အပြင်မထွက်ဘဲ အိမ်မှာနေရတဲ့အချိန်လေးမှာ သူမရဲ့နောက်ထပ် အနုပညာဝါသနာတစ်ခုဖြစ်တဲ့ ပန်းချီလေးဆွဲကာ အချိန်ကုန်ဖြတ်သန်းနေပြီး သူမရဲ့ရေးဆွဲထားတဲ့ ပန်းချီကားချပ်လေးကို ချစ်ပရိသတ်တွေကို အပြုံးလေးတွေနဲ့ မျှဝေထားပါသေးတယ်..။

Photo Credit - Pan Yaung Chel's FB Page
Photo Credit - Pan Yaung Chel's FB Page

မိုးမရွာလို့ နေသာတဲ့နေ့ရက်လေးမှာ စိတ်တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးနဲ့ ပန်းချီရေးဆွဲနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြဦးမှာပါနော်..။

ကဲ.. ချစ်ရတဲ့ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ အချစ်တော်လေး ပမယန်းရောင်ခြယ်ရဲ့ ပန်းချီလက်ရာလေးကို ကြည့်ရှု့ခံစားရင်း သူမအတွက် အားပေးစကားလေးနဲ့အတူ မှတ်ချက်လေးတွေပေးရင်း စိတ်ကြည်လင်အေးချမ်းကြလိမ့်မယ်လို့ မျှော်လက့်ပါတယ်နော်..။

Photo Credit - Pan Yaung Chel's FB Page
Photo Credit - Pan Yaung Chel's FB Page

Source & Photo Credit - Pan Yaung Chel's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။