ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ ပျော်ရွှမ်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်လှိုင်က သားနဲ့သမီးကိုလည်း အနုပညာလမ်းကြောင်းပေါ်ကို လက်တွဲခေါ်ဆောင်ပြီး အကြံဉာဏ်တွေပေးတာ‌ဖြစ်ပါတယ်။နေရဲနဲ့သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ကလည်း သူတို့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

Photo Credit:Nay Ye's Facebook Account
Photo Credit:Nay Ye's Facebook Account
Photo Credit:Nay Ye's Facebook Account

ခင်လှိုင်ကလည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပြီး သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးလည်း ဇာတ်ကားတွေကိုရိုက်ကူးထားပါသေးတယ်။ခင်လှိုင်ကတော့ ယခု Stay homeကာလမှာ အိမ်ကမိသားစုဝင်တွေအတွက် တစ်နေ့တစ်မျိုးမရိုးရအောင် ဖွယ်ဖွယ်ရာရာလေးတွေ ချက်ပြုတ်ကျွေးပြီး မိသားစုတွေအတူ နွေးနွေးထွေးထွေးနဲ့ပျော်စရာအချိန်လေးတွေကုန်ဆုံးနေတာဖြစ်ပါတယ်။

Photo Credit:Nay Ye's Facebook Account
Photo Credit:Nay Ye's Facebook Account

ခင်လှိုင်ကတော့ အချက်အပြုတ်လည်းအရမ်းတော်ပြီးထူးချွန်ပါတယ်နော်။အခုဆိုရင်တော့ ခင်လှိုင်နဲ့နေရဲတို့သားအဖနှစ်ယောက်က အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကို အတူတူထွက်ဝယ်ကြတာဖြစ်ပါတယ်။သားအဖနှစ်ယောက်လုံးက Maskကိုယ်စီတပ်ထားပြီး ဟင်းသီးဟင်းရွက်တွေစိတ်ကြိုက်ရွေးဝယ်နေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Ye's Facebook Account
Photo Credit:Nay Ye's Facebook Account
Photo Credit:Nay Ye's Facebook Account

Source&Photo Credit:Nay Ye's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။