မင်းသမီးချောလေးရွှေမှုံရတီဟာ သရုပ်ဆောင်ပီပြင် ကျွမ်းကျင်ရုံသာမကပဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် လူတိုင်းအားကျနေရသောအမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုခဲ့သော်လည်း ခင်ပွန်းသည်အပေါ်အိမ်ထောင်ရှင်မကောင်းအဖြစ်တာဝန်ကျေပွန်တာကြောင့် ရွှေထူးကပိုပြီးတော့အချစ်ပိုနေရတာပါ။ ရွှေမှုံဟာ အနုပညာလောကမှာလည်း အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ ထိပ်တန်း မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်။

Photo Credit- Shwe Mhone Yati’s Facebook Account
Photo Credit- Shwe Mhone Yati’s Facebook Account
Photo Credit- Shwe Mhone Yati’s Facebook Account

ရွှေမှုံရဲ့ ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကိုလည်း မိန်းကလေး ချင်းတောင် အားကျငေးမောနေရတာလည်း ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလလေးမှာ ရွှေမှုံတစ်ယောက် ချစ်ခင်ပွန်းနဲ့အတူ အိမ်မှာပဲနေကာ အနားယူအပန်းဖြေနေတာပဲဖြစ်ပြီး ရွှေထူးအတွက် မုန့်လေးတွေ တစ်နေ့တစ်မျိုးမရိုးရအောင် လုပ်ကျွေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ရွှေထူးရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Shwe Mhone Yati’s Facebook Account
Photo Credit- Htoo Khant’s Facebook Account
Photo Credit- Htoo Khant’s Facebook Account

ဒါကတော့ ခွေးလေးကိုယုယုယယလေးပွတ်ပေးကာ ချစ်မဝဖြစ်နေတဲ့ ရွှေမှုံရတီရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ရွှေမှုံဟာ ခွေးချစ်တတ်သူ တစ်ယောက်ဖြစ်ပြီး သူမအိမ်မှာလည်း ချစ်စရာကောင်းတဲ့ ခွေးလေးတွေ မွေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Htoo Khant’s Facebook Story and Shwe Mhone Yati’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။