သီချင်းအေးအေးလေးတွေ သီဆိုကာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ အဆိုတော် မီးမီးခဲပဲ ဖြစ်ပါိတယ်။ သူမဟာ အဆိုတော် စောဘွဲ့မှူးရဲ့ သမီးအငယ်ဆုံးလေးပဲ ဖြစ်ပါတယ်။ သူမသီဆိုတဲ့ သီချင်းတွေဟာလည်း ကိုယ်တိုင်ရေးသားတာလည်း ဖြစ်ပါတယ်။

Photo Credit- The Real Mee Mee Khal’s Facebook Page
Photo Credit- The Real Mee Mee Khal’s Facebook Page
Photo Credit- The Real Mee Mee Khal’s Facebook Page

သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ချိန်ထိ ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ဩစတေးလျနိုင်ငံတွင် အခြေချ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မြန်မာနိုင်ငံသို့ ပြန်လာကာ တစ်ကိုယ်တော် One Lady Show ပွဲကြီး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- The Real Mee Mee Khal’s Facebook Page
Photo Credit- The Real Mee Mee Khal’s Facebook Page
Photo Credit- The Real Mee Mee Khal’s Facebook Page

မီးမီးခဲဟာ ကင်ဆာရောဂါကို ခံစားနေရသည်မှာ အချိန်ကြာနေပြီဖြစ်သော်လည်း အခြားသူများထက် ကျန်းမာရေးကောင်းမွန်တာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကင်ဆာဆဲလ်အသစ်တွေ ထပ်တွေ့တာကြောင့် ဩစတေးလျနိုင်ငံရှိ ​ ဆေးရုံတွင် ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကို Live လွှင့်ကာ ပြောပြခဲ့တဲ့အဆိုတော်မီးမီးခဲရဲ့ Video လေးပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- The Real Mee Mee Khal’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။