အဆိုတော်ဆန်းသစ်လကတော့ တစ်ချိန်က အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာရပ်တည်ထားနိုင်ပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ငယ်စဥ်တည်းက လုပ်ကိုင်နေခဲ့တဲ့ သူမကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ ရပ်တည်ထားနိုင်ခဲ့ပြီး ယခုမှာ အနုပညာအလုပ်တွေကိုရပ်နားထားပါတယ်။
ဆန်းသစ်လက ယခုမှာ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီးတစ်နှစ်ကျော်အကြာမှာ ရင်သွေးလေးကို လွယ်ထားရကာ ၁၉ပတ်ကျော်ရှိနေပြီဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ရင်သွေးလေးကိုလွယ်ထားရလို့ မိခင်မေတ္တာ ဘယ်လောက်အထိကြီးမားတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။
သူမကတော့ " မိခင်၁ယောက်ဖြစ်လာတော့မယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြောင်းလဲမှုတွေကတော့အများကြီးပဲကိုယ့်ဗိုက်ထဲက မမြင်ရသေးတဲ့အရာလေးကိုတောင် တွေးတွေးပြီးချစ်နေ ဂရုစိုက်နေရတာ မိခင်မေတ္တာ ဘယ်လောက်အထိကြီးမားလဲဆိုတာ ပိုပိုပြီးသိလာရပါပြီ "ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆန်းသစ်လရဲ့ ရင်သွေးလေးကို လွယ်ထားရတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
source: San Thit La 's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။