စူပါမော်ဒယ်တစ်ဦးအဖြစ် လျှမ်းလျှမ်းတောက်အောင်မြင်နေသူလေးကတော့ မော်ဒယ်မလေး M ဆိုင်းလုပဲ ဖြစ်ပါတယ် ။ ကချင်တိုင်းရင်းသူလေးဖြစ်တဲ့ M ဆိုင်းလုက ပုရိသတွေကြွေစေလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ M ဆိုင်းလုက ကြော်ငြာတွေအများဆုံးရိုက်ကူးနေရသလို ဖက်ရှင်ရှိုးပွဲတွေမှာလည်း မပါမဖြစ်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

Photo Credit-M Seng Lu's FB Acc
Photo Credit-M Seng Lu's FB Acc
Photo Credit-M Seng Lu's FB Acc

M ဆိုင်းလုက အပြစ်ဆိုဖွယ်မရှိတဲ့အလှတရားတွေနဲ့ ခေါင်းအစခြေအဆုံးလှပနေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဆိုင်းလုက သွယ်လျလှပတဲ့ Body အချိုးအစားကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်နေတာလည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ M ဆိုင်းလုက Tik Tok ဗီဒီယိုလေးတွေ မကြာခဏရိုက်ကူးပြီး သူမရဲ့ပရိသတ်တွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-M Seng Lu's FB Acc
Photo Credit-M Seng Lu's FB Acc
Photo Credit-M Seng Lu's FB Acc

အခုလည်း ဆိုင်းလုက အမိုက်စားပုံစံလေးနဲ့ အပီအပြင်ကပြပြီး Tik Tok ကစားထားတာ ဖြစ်ပါတယ် ။ ရင်ဖိုစွဲမက်ချင်စရာအလှတရားတွေနဲ့ ဆိုင်းလုကတော့ တကယ့်ကို အသည်းယားစဖွယ်ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်မလေး M ဆိုင်းလုရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-M Seng Lu's Tik Tok Acc

Photo Credit-M Seng Lu's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။