ခင်ဝင့်ဝါကတော့ ပရိသတ်တွေကြားမှာအခုချိန်ထိ ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ ခေးလေးလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ခင်ဝင့်ဝါလေးက ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးနဲ့ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်သူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက စိတ်ထားဖြူစင်တဲ့ ခင်ဝင့်ဝါလေးကို တစ်နေ့တစ်ခြား ချစ်မဝဖြစ်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit. Khin Wint Wah Tik Tok
Photo Credit. Khin Wint Wah Tik Tok

သူမကတော့မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးမင်းသမီးလေးတွေစာရင်းမှာ နေရာယူထားပြီး အားလုံးရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမကို ခေးလေးဆိုပြီးချစ်စနိုးခေါ်ကြပါတယ်နော်။ သူမဟာ တကယ်လည်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အလှတရားကိုပိုင်ဆိုင်ထားသူလေးပါပဲနော်။

Photo Credit. Khin Wint Wah Tik Tok
Photo Credit. Khin Wint Wah Tik Tok

လတ်တလောမှာတော့ ခင်ဝင့်ဝါက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။အခုလည်း ပရိသတ်တွေကို  အချစ်ပိုသွားစေရလောက်အောင် ချစ်စရကောင်းလွန်းတဲ့  Tik Tok   ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ခေးလေးရဲ့ ဗီဒီယိုလေးကိုကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit. Khin Wint Wah Tik Tok
Photo Credit. Khin Wint Wah Tik Tok

Source & Photo Credit.  Khin Wint Wah Tik Tok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။