ကြော်ငြာမင်းသမီးလေးအဖြစ် အားလုံးသိကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ယွန်းဝတီလွင်မိုးက ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင်ကို နုပျိုလှပနေတာ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးက သားလေးတစ်ယောက်မွေးဖွားခဲ့ပြီး ပျော်ရွှင်စရာမိသားစုလေးကို ရရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page

အခုတော့ ခေးလေးယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံမှာ ပညာဆက်လက်သင်ကြားနေတာ ဖြစ်ပါတယ် ။ ယွန်းဝတီလွင်မိုးအနေနဲ့ Tik Tok ကစားရတာကို ဝါသနာပါပြီး အပျော်တမ်းအကဗီဒီယိုလေးတွေလည်း ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ယွန်းဝတီလွင်မိုးက ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ အပီအပြင်ကပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Yunwaddy Lwin Moe's FB Page
Photo Credit-Yunwaddy Lwin Moe's FB Page

ယွန်းဝတီလွင်မိုးက လွတ်လပ်ပေါ့ပါးတဲ့လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အထာကျနေသလို ကကွက်လေးတွေကလည်း အမိုက်စားဖြစ်နေတာ ဖြစ်ပါတယ် ။ မြူးမြူးကြွကြွလေးကနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ဗီဒီယိုလေးကတော့ တကယ့်ကို အသည်းယားစရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့Tik Tok အကဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yunwaddy's Tik Tok Acc

Photo Credit-Yunwaddy Lwin Moe's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။