ပရိသတ်ကြီးရေ နန်းဆန်တဲ့ အလှလေးနဲ့ မြင်သူတကာငေးရအောင် အလှတွေပိုနေသူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများခဲ့ပြီး နောက်ပိုင်းမှာလည်း MRTV -4ဇာတ်လမ်းတွဲတွေမှာ များစွာ ပါဝင်သရုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်.......။

Photo credit - Poe Kyar Phyu Khin's Fb account
Photo credit - Poe Kyar Phyu Khin's Fb account

ပိုးကြာဖြူခင်က သရုပ်ဆောင် ပိုင်းမှာ ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးနဲ့ သီဆိုတက်သူတစ်ယောက်ဖြစ်တာကြောင့် နယ်ပွဲတွေကို များစွာ သွားရောက်သီဆိုနေရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာတွေနဲ့ photo shootingတွေကိုလည်း များစွာ ရိုက်ကူးနေရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ယခုလက်ရှိမှာတော့ ပိုးကြာဖြူခင်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်.......။

Photo credit - Poe Kyar Phyu Khin's Fb account
Photo credit - Poe Kyar Phyu Khin's Fb account

မကြာသေးမီက ပိုးကြာဖြူခင်က သူမရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ လှပတဲ့ သဇင်ပန်းလေးကိုပန်ကာ ရိုးရှင်းစွာ လှပနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည်ရှုစေနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပိုးကြာဖြူခင် ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Poe Kyar Phyu Khin's Fb account

Source & Photo credit - Poe Kyar Phyu Khin's Fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။