အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ရရှိထားသူကတော့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တွေများစွာ တိုင်အောင် အနုပညာလောကမှာ အောင်အောင်မြင်မြင်နဲ့ ကြိုးစားပမ်းစား လျှောက်လှမ်းနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖွေးစိန်လေးရဲ့ ကလေးဆန်တဲ့ အမူအရာလေးတွေကို ချစ်နေရတာပါ။

Photo Credit- Phway Phway’s Facebook Page
Photo Credit- Phway Phway’s Facebook Page
Photo Credit- Phway Phway’s Facebook Page

လတ်တလောမှာတော့ ဖွေးဖွေးတစ်ယောက် အပြင်မထွက်ဘဲ အိမ်မှာပဲနေပြီး အပင်လေးတွေ စိုက်ပျိုးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါသနာပါရာ အိမ်မှုကိစ္စလေးတွေကိုလည်း အချိန်ရရင် ရသလို ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူမရဲ့ ဖခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Phway Phway’s Facebook Page
Photo Credit- Phway Phway’s Facebook Page
Photo Credit- Phway Phway’s Facebook Page

ဒါကတော့ " အား လုံး မ င်္ဂ လာ ပါ ဗျာ .....မျက်စိနောက်လိုက်ပါအူးမယ်

စားကြမယ်လေ " ဆိုပြီး ခေါက်ဆွဲကြော်နေတဲ့ ပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မီးဖိုချောင်ထဲမှာ မေမေနဲ့အတူ ကိုယ်တိုင်ကြော်လှော် ချက်ပြုတ်နေတဲ့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးရဲ့ သတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Phway Phway’s Facebook Page and Kyaw Kyaw Win’s Facebook Account 

Photo Credit- Phway Phway’s Facebook Page
Photo Credit- Kyaw Kyaw Win’s Facebook Account
Photo Credit- Kyaw Kyaw Win’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။