ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းသည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်FAရဲ့ပြစ်ဒဏ်ပေးမှုကိုခံရဖွယ်ရှိနေပြီး ဖြစ်ပုံကတော့ ဆောက်သမ်တန်အသင်းက သူတို့အသင်းရဲ့ကစားသမားဗန်ဒိုက်နဲ့ပတ်သတ်၍ FA ကိုတိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် ဆောက်သမ်တန်အသင်း၏နောက်တန်းကစားသမားဗန်ဒိုက်ကို ခေါ်ယူရန်ချဉ်းကပ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ဗန်ဒိုက်၏မိခင်ကလပ် ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသည် စည်းကမ်းဘောင်ကိုကျော်လွန်၍ ဗန်ဒိုက်ကိုချဉ်းကပ်နေခြင်းဖြစ်ကြောင်း FA ထံတိုင်တည်ခဲ့ခြင်းဖြစ်သည်။

ခေါ်ယူခဲ့ပါက ပေါင်သန်း၅ဝခန့်ကျဖွယ်ရှိနေသော် ဆောက်သမ်တန်အသင်းနောက်ခံလူ ဗန်ဒိုက်ကို လီဗာပူးအသင်းသာမက အခြားပရိးမီးယားလိဂ်ကလပ်များဖြစ်သော မန်ချက်စတာယူနိုင်တက်၊ ချယ်ဆီးအသင်းတို့ကပါ စိတ်ဝင်စားနေပြီး လီဗာပူးအသင်းကရေပန်းအစားဆုံးဖြစ်နေရာမှ ယခုကဲ့သို ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

Source-BBC

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။