ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ကြောက်မက်ဖွယ်ကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Crybaby Bridge" ကလေးငိုနေသော တံတားလို့အမည်ရတဲ့ နေရာကြီးအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုတံတားကတော့ "Oklahoma" ပြည်နယ် "West 181 street Kellyville" မှာတည်ရှိတာ ဖြစ်ပါတယ်။ ထိုတံတားက ကြောက်ဖို့အလွန်ကောင်းတာကြောင့် လူသွားလူလာနေတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ညဘက်အချိန်ရောက်ရင် ကလေးငိုသံကြားပြီး ခြောက်လှန့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တားမြစ်ပိတ်ပင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

photo credit pngtree

ထိုတံတားလေးရဲ့ ရာဇဝင်ကို ပြောပြပေးသွားပါ့မယ်။ စကား မပြောတတ်ရှာတဲ့ အမျိုးသမီး တစ်ယောက်ကို သူ့ယောကျ်ားက နှိပ်စက်လွန်းတာကြောင့် ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့အမျိုး သမီးက သူ့ကလေးငယ်လေးကို ခေါ်ပြီး ကားနဲ့ထွက်ပြေးခဲ့တာပါ။ စိတ်မကောင်းစွာနဲ့ဘဲ ထိုတံတားအောက်သို့ ပြုတ်ကျသွားခဲ့ပြီး ကလေးရော၊ အမေရော ဆုံးပါးသွားခဲ့ပါတယ်။ အမျိုးသမီးရဲ့ အလောင်းကို ပြန်တွေ့ပေမယ့် ကလေးရဲ့အလောင်းကိုတော့ ပြန်ရှာလို့မရခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်း ညဖက် တံတားပေါ် ဖြတ်မောင်းမိတဲ့ ကားတွေဟာ ဆိုးဆိုးဝါးဝါး ငိုသံကို ကြားရင်ကြား၊ မကြားရင် တံတားအောက်ကို ငုံကြည့်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

Source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။