ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကိုလံဘီယာနိုင်ငံက "Serrania de la Macarena"လို့အမည်ရတဲ့ ကမ္ဘာ့အလှဆုံး မြစ်တစ်စင်းအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အင်္ဂလိပ်ဘာသာဖြင့် ပုံဆောင်ခဲ ချန်နယ်ဟု ခေါ်ဆိုတဲ့ မြစ်တစ်စင်းဟာ ကိုလံဘီယာနိုင်ငံ၊ မီတာပြည်နယ်၊ Serrania de la Macarena တောင်ကြောတွင် တည်ရှိပါတယ်။ ထိုမြစ်ဟာ ဂွာယာဘာ မြစ်လက်တက်တစ်ခုဖြစ်ပြီး ငါးရောင်ခြယ်မြစ်၊ သက် တန့်ရောင်မြစ်ဟု ခေါ်ဆိုကြပါတယ်။ မြစ်မှ ထွက်ပေါ်နေတဲ့ လှပသော အရောင်များကြောင့် ကမ္ဘာ့အလှဆုံး မြစ်တစ်စင်းအဖြစ် ထင်ရှား လျက်ရှိပါတယ်။

photo credit pngtree

သက်တန့်မြစ်ရဲ့ အောက်ကြမ်းပြင်ဟာ နှစ်စဉ် ဇူလိုင်လအစောပိုင်းမှ နိုဝင်ဘာလအထိ အဝါ၊ အစိမ်း၊ အပြာ၊ အနက်နှင့် အနီရောင်များ ယှက်သန်းနေကာ အနီရောင်ကို အများဆုံးမြင်ကြရမှာပါ။ သက်တန့်မြစ်အောက်တွင် ဖြစ်ပေါ်နေတဲ့ အရောင်များဟာ မြင်တွေ့ရသူတိုင်းအတွက် သက်တန့်တစ်စင်းကို ရေအောက်တွင် မြင်နေရသကဲ့သို့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။