ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျာမနီ နာဇီတပ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ ဟစ်တလာကို ဆေးကုသပေးခဲ့တဲ့ ဂျူးဆရာဝန်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုသူရဲ့ အမည်ကတော့ "Eduard Bloch" အက်ဒပ်ဘလို့ချ် ပဲ ဖြစ်ပါတယ်။ ထိုသူဟာ ၁၉၀၃ ခုနှစ်ဝန်းကျင်က သြစတြီးယားနိုင်ငံ၊ လစ်ဇ်မြို့မှာ ဆရာဝန် တစ်ဦးအဖြစ် လူဆင်းရဲများကို အထူးဂရုစိုက်ခဲ့တာပါ။

photo credit pngtree

ဘလို့ချ်ဟာ အချိန်မရွေးနေရာမရွေး လူနာများကို ကူညီ စောင့်ရှောက်ရန် အသင့်ဖြစ်နေခဲ့ပါတယ်။ လစ်ဇ်မြို့မှာ ဟစ်တလာမိသားစုတွင် သူပထမဆုံးကြည့်ရှု ကုသပေးခဲ့ရသူမှာ ဟစ်တလာကိုယ်တိုင်ဖြစ်ပါတယ်။ ဘလို့ချ်ဟာ ပြင်းထန်သောအဆုပ်ရောဂါဖြစ်ကာ အပြင်းအထန်ဖျားပြီး အိပ်ရာထဲလဲနေတဲ့ ဟစ်တလာကို ၁၉၀၇ ခုနှစ် အထိ ကုသပေးခဲ့ရတာပါ။

photo credit pngtree

ဘလို့ချ်ဟာ ဟစ်တလာရဲ့ မိသားစု ဆရာဝန်ဖြစ်လာခဲ့ပြီး ဟစ်တာမိခင် ရင်သားကင်ဆာ ဖြစ်ချိန်မှ ကွယ်လွန်ချိန်အထိ ငွေကြေးတစ်ပြား တစ်ချပ်မှ မယူဘဲကုသပေးခဲ့တာပါ။ ထိုစဉ်က အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဟစ်တလာက ဘလို့ချ်အား ထာဝရ ကျေးဇူးများစွာဖြင့် ဂုဏ်ပြုပါကြောင်းပြောကြားခဲ့ပါတယ်။ ဘလို့ချ်က "သူဖြင်ဖူးသမျှ ပုဂ္ဂိုလ်များအနက် မိခင်ကွယ်လွန်ချိန်မှာ ဝမ်းနည်းအကြေကွဲဆုံး လူသားဟာ ဟစ်တလာဖြစ်ကြောင်း" သူ့ရဲ့ အတ္ထုပတ္ထိ မှာ ရေးသားထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။