ဂိုးသွင်‌းဖို့‌မွေးဖွားလာခဲ့သူ -‌အောင်‌သူ


စင်‌ကာပူနဲ့‌ခြေစမ်‌းပွဲမှာ‌အောင်‌သူဂိုးသွင်‌းခဲ့တယ်‌။‌မြန်‌မာ့‌ဘောလုံးကိုစိတ်‌ဝင်‌စားတဲ့သူငယ်‌ချင်‌းတစ်‌‌ယောက်‌က‌‌ပြောတယ်‌။မြန်‌မာအသင်‌းမှာ‌အောင်‌သူကလွဲရင်‌ဂိုးမသွင်‌းတတ်‌‌တော့ဘူးလားတဲ့။ဟုတ်‌လည်‌းဟုတ်‌ပါတယ်‌။မြန်‌မာအသင်‌းအတွက်‌ တဒိုင်‌းဒိုင်‌းဂိုး‌တွေ‌အောင်‌သူသွင်‌းခဲ့တယ်‌။‌အောင်‌သူသည်‌မြန်‌မာအသင်‌းအတွက်‌‌နောက်‌ဆုံး‌ပေါ်ဂိုးသွင်‌းစက်‌။



မျိိုးလှိုင်‌ဝင်‌း၊ရန်‌ပိုင်‌၊‌ကျော်‌ကိုကို စတဲ့စီနီယာကြီးများရဲ့ဂိုးသွင်‌းဖို့တာဝန်‌ကို‌အောင်‌သူလက်‌ဆင်‌့ကမ်‌းသယ်‌ယူ‌နေခဲ့ပါပြီ။မန္တ‌လေးတိုင်‌း‌ဒေသကြီးယူ ၁၉ပြိုင်‌ပွဲမှာ ပျဉ်‌းမနားခရိုင်‌ကိုယ်‌စားပြုအသင်‌းသား‌အောင်‌သူ သုံးဂိုးသွင်‌းခဲ့သည်‌။ယူ ၁၉ ပြိုင်‌ပွဲဖြစ်‌‌သော်‌လည်‌း‌အောင်‌သူရဲ့အသက်‌က ၁၃ နှစ်‌။

‌နောက်‌မန္တ‌လေးအကယ်‌ဒမီမှာ‌ဘောလုံးပညာဆည်‌းပူးခွင်‌့ရခဲ့တယ်‌။၂၀၁၆ AFF ယူ ၁၆ မှာမြန်‌မာနို်‌င်‌ငံကိုယ်‌စားပြု အဖြစ်‌စတင်‌ပြီး ၃ဂိုးသွင်‌းခဲ့တယ်‌။AFC ယူ ၁၆ ‌ခြေစစ်‌ပွဲမှာ မဟာပြိုင်‌ဘက်‌ထိုင်‌းကိုတစ်‌ဂိုးထပ်‌သွင်‌းတယ်။

၂၀၁၄ AFF ယူ၁၉ မှာထိုင်‌းကိုတစ်‌ဂိုး၊ဗီယက်‌နမ်‌ကိုတစ်‌ဂိုးထပ်‌သွင်‌းပြန်‌တယ်‌။ ‌

၂၀၁၅ မှာ‌တော့‌အောင်‌သူအမြဲတမ်‌းအမှတ်‌ရ‌နေမယ်‌့ ယူ ၂၀

ကမ္ဘာ့ဖလားမှာ အိမ်‌ရှင်‌နယူးဇီလန်‌ကိုဂိုးသွင်‌းခဲ့ပါပဲ။

‌နောက်‌ပြီမြန်‌မာအသင်‌း ဆူဇူကီးဖလားဆီမီးဖို်‌နယ်‌တက်‌‌အောင်‌သွင်‌းဂိုး‌တွေနဲ့ကူညီ‌ပေးတယ်‌။ သူကိုယ်‌တိုင်‌လည်‌းပြိုင်‌ပွဲရဲ့အ‌ကောင်‌းဆုံးလူငယ်‌ကစားသမားဆုရခဲ့တယ်‌။

မြန်‌မာအသင်‌းအတွက်‌ဂိုး‌တွေတဒိုင်‌းဒိုင်‌းသွင်‌း‌ပေးတဲ့‌အောင်‌သူ

မြန်‌မာအသင်း ‌အာရှ‌ခြေစစ်‌ပွဲ‌အောင်‌ဖို့ အ‌ရေးကြီးတဲ့မကာအိုနဲ့ပွဲမှာဂိုး‌တွေသွင်‌း‌ပေးဦးမလားဆိုတာက‌တော့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။