ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ စပိန်နိုင်ငံက နာမည်ကျော်ကြားလူသိများတဲ့ "Aleantara Bridge" အယ်လ်လင်တရာ တံတားအကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် တင်ဆက်ပေးသွားမှာပါ။ စပိန်နိုင်ငံ အယ်လ်လင်တရာရှိ တာဂူးစ်မြစ်ကို ဖြတ်သန်းထားသော ထိုတံတားဟာ ရှေးဟောင်း ရောမခေတ် တံတားတည်ဆောက်မှုများရဲ့ အထူးခြားဆုံး လက်ရာ ဖြစ်ပါတယ်။

photo credit pngtree

ရောမအင်ပါရာ ဘုရင် ထြာဂျန်က ထိုတံတားကို တည်ဆောက်ရန် အေဒီ ၉၈ ခုနှစ်မှာ အမိန့်ပေးခဲ့ပြီး အေဒီ ၁၉၄ ခုနှင့် ၁၀၆ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာပါ။ ထိုတံတားရဲ့ အလယ်မှာ ယခုအခါ အောင်ပွဲခံ မုခ်ဦးခုံးတစ်ခု ကျန်ရှိနေပြီး တံတားရဲ့အဆုံး အခြားတစ်ဖက်မှာ ဘုရားရှိခိုးကျောင်းတစ်ခုကို ထည့်သွင်းဆောက်လုပ်ခဲ့တာပါ။

photo credit pngtree

အယ်လ်လင်တရာ တံတားဟာ တည်ဆောက်ထားတဲ့ ပစ္စည်းတွေကြောင့်၊ ဒါ့အပြင် စစ်ပွဲများကြောင့် ပိုမိုပျက်စီးယိုးယွင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သူပုန်များက တံတားတစ်ဖက်ရှိ ခုံးကို ဖျက်ဆီးခဲ့ကြတာဖြစ်ပြီး စပိန်နိုင်ငံက ပေါ်တူဂီများ ရန်မှ ကာကွယ်တဲ့ ဖြစ်စဉ်များမှာတော့ ဒုတိယခုံးတစ်ခု ပျက်စီးခဲ့ရတာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။