ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာကို ရရှိခဲ့သူပဲဖြစ်ပါ တယ်။ ယခုဆိုင် ကြော်ငြာတွေအပြင် ဇာတ်ကားတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ အနုပညာအလုပ်တွေ ဒီထပ်မက ပိုမို အောင်မြင်မှုတွေနဲ့ အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအပြည့်အဝရရှိအောင် ကြိုးစားနေသူလေးပဲဖြစ်ပါတယ်။

Photo & Video Credit - Phyu Phyu Htwe
Photo & Video Credit - Phyu Phyu Htwe

အသက်ငယ်ရွယ်ပေမယ့် စကားပြောရင်လည်း သွက်သွက်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို စိတ်သဘောထားပြည့်ဝပြီး အမြဲလိုလို သူတစ်ပါးပေါ်မှာ ကူညီတက်တဲ့ သူမရဲ့ အကျင့်လေးတွေကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့်ခေတ္တရပ်နားထားခဲ့ပြီး မိသားစုလေးနဲ့ အတူတူ ပျော်ရွှင်စွာနေထိုင်ကာ ပရိသတ်တွေအတွက်လည်း ဟာသဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိပါတယ်။

Photo & Video Credit - Phyu Phyu Htwe

ယခုတစ်ခါမှာလည်း ဖြူဖြူထွေးကတော့ အိမ်မှာနေရင်း ဆော့ထားတဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ တစ်မျိုးနဲ့ တစ်မျိုးမတူညီတဲ့ ပုံစံလေးတွေနဲ့ ပရိသတ်တွေရယ်မော်ပျော်ရွှင်သွားရလောက်အောင် ပီပီပြင်ပြင် နဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ ဟာသ ဗီဒီယိုလေးကိုလည်း သဘောကျကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။

Photo & Video Credit - Phyu Phyu Htwe

Source - Phyu Phyu Htwe's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။