ပရိသတ်အများအပြားကိုပိုင်ဆိုင်ထားပြီဖြစ်တဲ့ မင်းသမီးချောလေးနေခြည်ဦးက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။အမြဲတမ်းကြိုးစားသူလေးဖြစ်လို့ အနုပညာလောကမှာလည်း နေရာတစ်နေရာရရှိလာတာပါနော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက အသက်(၂၈)နှစ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရဲရင့်ထက်မြက်လို့လည်း မိန်းကလေးပရိသတ်တွေကအားကျနေကြတာဖြစ်ပါတယ်။နေခြည်ကလည်း သူမသိသမျှဗဟုသုတအကြောင်းအရာတွေကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် မျှဝေပေးနေတာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာသွားရောက်ခွဲစိတ်ပြုပြင်ခဲ့တာတွေကိုလည်း ဗီဒီယိုဖိုင်နဲ့အသေးစိတ်ချပြခဲ့တာပါနော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက အလှအပကိုလည်း ခေါင်းအစခြေအဆုံးအထူးဂရုစိုက်တာကြောင့် တစ်နေ့တစ်ခြားပိုပိုလှပလာပါတယ်နော်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေတဲ့ နေခြည်ဦးက အခုဆိုရင်လည်း Stay homeကာလမှာ ပရိသတ်တွေအတွက်မရိုးနိုင်အောင်မျှဝေနေတာဖြစ်ပါတယ်။ပြည့်ဖြိုးဝင်းမွတ်နေတဲ့အလှအပတွေနဲ့ ငေးကြည့်ချင်ရလောက်အောင်လှပနေတဲ့ နေခြည့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Source&Photo Credit:Nay Chi Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။